အုတ်၊ ထုံး၊ သဲ၊ ကျောက်နဲ့ တည်ထားတာမဟုတ်ပါဘူး။ စကျင်ကျောက်တုံးအကြီးကြီးတွေ၊ စကျင်ကျောက်စစ်စစ်ကြီးတွေနဲ့ တည်ထားပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ အင်မတန်ဝမ်းမြောက်ပီတိဖြစ်ရပါတယ်

 

နေပြည်တော်    ဩဂုတ်    ၁၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အတွင်း  တည်ထားသည့်    ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး    ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်သည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား    ဩဂုတ် ၈ ရက်မှစတင်၍   ရဟန်းရှင်လူ  အများပြည်သူတို့  အခမဲ့လာရောက်ဖူးမြော်နိုင်ရန်  ဖွင့်လှစ်ထားရှိရာ    ဩဂုတ် ၁၈ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များ တဖွဲဖွဲ လာရောက်ဖူးမြော်လျက်ရှိ သည်ကို မြင်တွေ့ရသည်။
အဖွဲ့အလိုက်  ဘုရားဖူးများ၊  အနယ်နယ်အရပ်ရပ်မှ  ဖူးမြော်သူများ၏  ကြည်ညို သဒ္ဓါအားကောင်းစွာ   လှူဒါန်းပူဇော်နေမှုများနှင့်  ပျော်ရွှင်စွာ လေ့လာကြည့်ရှုနေမှု များကို    မြင်တွေ့ရသည်။  ဘုရားကြီးသို့    လာရောက်ဖူးမြော်သူများ၏     ပီတိစကား များ၊ အနုမောဒနာသာဓုခေါ်သံများနှင့်   သဘောထားအမြင်များကို   စုစည်းဖော်ပြ လိုက်ပါသည်။
ဦးနန္ဒက (မိတ္ထီလာမြို့နယ်၊ 
အောင်ချမ်းသာကျောင်းတိုက်)
မာရဝိဇယဘုရားကြီး တည်ထားပေး တာ ဝမ်းသာလွန်းလို့၊   ဖူးမြော်ချင်လွန်း လို့  လာရောက်ဖူးမြော်ကြည်ညိုရခြင်း ဖြစ်ပါတယ်။      အရင်တစ်ခေါက်က ပိတ်ထားတော့ မဖူးမြော်ဖြစ်ခဲ့တဲ့အတွက် ယနေ့   မိခင်ကြီးကိုပါ   ဖူးမြော်ရအောင် ဆိုပြီးလိုက်ပို့ရင်း ဖူးမြော်ဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းရဲ့  မိတ်ဆွေတွေ၊ ဒကာ၊ ဒကာမ တွေကိုလည်း  ဘုရားကြီး  လာရောက် ဖူးမြော်ကြဖို့ ဆော်ဩပါဦးမယ်။ဘုန်းဘုန်း တို့ ပြည်ပကို ရောက်တဲ့အခါ ဘုရားဖူးဖို့ အတွက် ၁၀ ဒေါ်လာပေးပြီးဖူးမြော်ခဲ့ရပါ တယ်။  အုတ်၊  ထုံး၊  သဲ၊  ကျောက်နဲ့ တည်ထားတာ    မဟုတ်ပါဘူး။     စကျင် ကျောက်တုံးအကြီးကြီးတွေ၊    စကျင် ကျောက်စစ်စစ်ကြီးတွေနဲ့ တည်ထားပေး တဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ အင်မတန်ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။ ရဟန်းရှင်လူ     ပြည်သူအပေါင်းလည်း လာရောက်ဖူးမြော်ကြပါလို့     မေတ္တာ ရှေ့ထားပြီး   နှိုးဆော်ပါတယ်။   ဘုရား ကိုးကွယ် တန်ခိုးကြွယ်၊ တရားကိုးကွယ် ပညာကြွယ်၊  သံဃာကိုးကွယ်  စည်းစိမ် ကြွယ်ဆိုတဲ့အတိုင်း   ပြည်သူတွေအနေ နဲ့  ဘာသာတရားကိုင်းရှိုင်းပြီး  ဖူးမြော် ကြည်ညိုနေကြတာ မြင်ရတာလည်း ပီတိ အဖြာဖြာ ပွားမိပါတယ်။ မြန်မာနိုင်ငံမှာ    စကျင်ကျောက်နဲ့   ထုဆစ်ထားတဲ့ ကမ္ဘာ ပေါ်ရှိအကြီးဆုံး မာရဝိဇယဘုရားကြီးကို အခုလို    အခမဲ့ဖူးမြော်ရတာ    ဦးဆောင် ဘုရားဒါယကာကြီးကိုလည်း   ကျေးဇူး တင်ပါတယ်။ 
ဒေါ်လှစိန် 
(လယ်ဝေးမြို့နယ်၊ ကျသောင်းတောင်ရွာ)
ကျွန်မက အသက် ၈၆ နှစ် ရှိပါပြီ။ မာရဝိဇယဘုရားကြီးကို ဖူးမြော်ဖို့အတွက် ဩဂုတ် ၅ ရက်က တစ်ကြိမ်လာပါတယ်။ အဲဒီနေ့ကတော့   ဖူးမြော်ခွင့်မရခဲ့ပါဘူး။ သတင်းတွေမှာ ဩဂုတ် ၈ ရက်မှာ အခမဲ့ စတင်ဖူးမြော်ခွင့်ပြုတယ်လို့ ကြားရတော့ သားသမီးတွေကို   လိုက်ပို့ခိုင်းပါတယ်။  ဒီနေ့တော့ သားက လိုက်ပို့ပေးတဲ့အတွက် မနက်ကတည်းက ဘုရားကြီးကို ရောက်ရှိ  ဖူးမြော်နေတာ အခုညနေထိ အားပါးတရ ဖူးမြော်နေတာဖြစ်ပါတယ်။ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘုရားကြီးရဲ့ဂုဏ်သတင်း တွေကို ပြည်သူတွေသိအောင် ဖော်ပြပေး နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောလိုပါ တယ်။ သတင်းတွေမှာ  တွေ့ကတည်းက ဖူးမြော်လိုစိတ်တွေ    ပြင်းပြခဲ့ပါတယ်။ မာရဝိဇယဘုရားကြီး     တည်ထားတဲ့ အတွက် မြန်မာနိုင်ငံမှာရှိတဲ့   ဗုဒ္ဓဘာသာ ဝင်အားလုံးကလည်း   အံ့ဖွယ်မာရဝိဇယ ဘုရားကြီးကို  လာရောက်ဖူးမြော်ကြတဲ့  ပြည်သူပေါင်း    သောင်းချီပြီး    ရှိပါမယ်။  တိုင်းဒေသကြီးနဲ့  ပြည်နယ်များမှာရှိကြတဲ့ ပြည်သူတွေလည်း  လာရောက်ဖူးမြော် ကြည်ညိုကြပါလို့ မေတ္တာစကားပါးချင် ပါတယ်။ 
ဒေါ်လှ (တပ်ကုန်းမြို့နယ်)
ကျွန်မ   အသက်က   ၇၂  နှစ်ရှိပါပြီ။ ဝါတွင်းကာလ   တရားစခန်းဝင်နေတာ ဖြစ်ပါတယ်။ ပျိုးဥယျာဉ်တရားစခန်းကနေ အဖွဲ့လိုက်စုပြီး ဘုရားကြီးကို လာရောက် ဖူးမြော်ကြည်ညိုကြတာပါ။  တရားစခန်း မဝင်ခင်က ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့ဖူးနေတော့ အပြင်မှာ ဖူးမြော်ချင်တဲ့ ဆန္ဒတွေက တားလို့မရတာနဲ့  မာရဝိဇယ ဘုရားကြီးကို  တရားစခန်းက   ယောဂီ တွေနဲ့      လာရောက်ဖူးမြော်တာပါ။ သားသမီးတွေနဲ့      နောက်တစ်ကြိမ်    လာရောက်ဖူးမြော်ဦးမှာပါ။    ကြည်ညို သဒ္ဓါပွားရ၊ စိတ်ချမ်းသာရ၊ ပီတိဖြစ်ရနဲ့   ဘုရားကြီးတည်ထားပေးတဲ့ ဘုရားဒကာ အပေါင်းတို့လည်း     ဘေးဘယာတွေ ကင်းဝေးပြီး    ကျန်းမာချမ်းသာပါစေ။ ပြည်သူတွေလည်း   ကျန်းမာချမ်းသာ ပါစေလို့    ဆုတောင်းမေတ္တာ    ပို့သ ပါတယ်။
မသပြေအေး (ရန်ကုန်မြို့)
ကျွန်မက ရန်ကုန်မြို့ကနေ နေပြည် တော်မှာ တည်ထားတဲ့ မာရဝိဇယဘုရား ကြီးကို လာရောက်ဖူးမြော်တာပါ။ အဝေး ကနေ လာရောက်ဖူးမြော်ရတာ ဖူးမြော် ရကျိုးလည်းနပ်ပါတယ်။  လမ်းခရီးမှာ အဆင်ပြေပြေနဲ့    ရောက်ရှိလာတာက လည်း ဘုရားကြီးရဲ့ ဘုန်းတန်ခိုးတော် ကြောင့်လို့ ထင်ပါတယ်။ စကျင်ကျောက် နဲ့ ထုဆစ်ထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး မာရဝိဇယဘုရားကြီးကို    အားပါးတရ ဖူးမြော်လိုက်ရတဲ့အခါ   လမ်းခရီးမှာ ပင်ပန်းခဲ့တာတွေက  အလုံးစုံပျောက်ကွယ် သွားပါတယ်။  အခုလို မိုးရွာနေပေမယ့် ဘုရားကြီးရင်ပြင်တော်ပေါ်မှာ ဘုရားဖူး ပြည်သူတွေနဲ့ စည်ကားနေရတာ မြင်တွေ့ ရတဲ့အခါ    ကြည်နူးပီတိဖြစ်မိပါတယ်။  စကျင်ကျောက်တွေနဲ့    တည်ထားတဲ့ ဘုရားရင်ပြင်တော်ပေါ်မှာလည်း အေးအေး ချမ်းချမ်း       ဘုရားဝတ်ပြုခဲ့ပါတယ်။ ကျောက်စာရုံစေတီတော်တွေကိုလည်း ဖူးမြော်ကြည်ညိုခဲ့ပါတယ်။ 
မဖြူစင်စိမ်း 
(ကလောမြို့နယ်၊ ပအိုဝ်းတိုင်းရင်းသူ)
ကျွန်မတို့က ကလောမြို့နယ် သီခေါင် ကျေးရွာအုပ်စုကဖြစ်ပါတယ်။  မိဘတွေ၊ ရပ်ဆွေရပ်မျိုးတွေနဲ့ မာရဝိဇယဘုရား ကြီးကို လာရောက်ဖူးမြော်ကြည်ညိုတာ ပါ။ ဩဂုတ် ၁၆ ရက်က လာရောက်ဖူးမြော် ဖို့   စီစဉ်ထားတာပါ။  ဒါပေမယ့်  မလာ ဖြစ်ခဲ့ပါဘူး။ ဒီနေ့မှ  လာရောက်ဖြစ်ကြ ပါတယ်။ သတင်းတွေထဲမှာ ဘုရားကြီးကို ဖူးမြော်ခွင့်ရတယ်။ ကြည်ညိုခွင့်ရတယ်။ ဒါပေမယ့် ကိုယ်တိုင်လာရောက်ဖူးမြော်ချင်တဲ့ဆန္ဒတွေက တားလို့မရတဲ့အတွက် ဖူးမြော်ကြည်ညိုဖြစ်တာပါ။ ဘုရားကြီး ပရိဝုဏ်အတွင်းက မဟာဗောဓိညောင်ပင် ကိုလည်း   ဖူးမြော်ခဲ့ပါတယ်။   ယခုလို ဖူးမြော်ကြည်ညိုခဲ့ရတဲ့ ကုသိုလ်တွေကို ကမ္ဘာသူ ကမ္ဘာသားများအတွက်လည်း  အေးချမ်းအောင်   ဆုတောင်းမေတ္တာတွေ ပို့သပေးပါတယ်။ 
ကိုမင်းသီဟ (နေပြည်တော်၊ သပြေကုန်း)
ကျွန်တော်တို့ နေပြည်တော် ဆိုင်ကယ် ချစ်သူများအဖွဲ့က သူငယ်ချင်းတွေ စုပေါင်း ပြီး ဒီနေ့မှာ ဘုရားကြီးကို  လာရောက် ဖူးမြော်ဖြစ်ပါတယ်။        နေပြည်တော် ဆိုင်ကယ်ချစ်သူများအဖွဲ့ဝင်တွေ တချို့ မအားကြတဲ့အတွက် ဒီနေ့မှာ  ဆိုင်ကယ် ၁၈   စီးနဲ့    မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ဖြစ်ပါတယ်။ ဘုရား ကြီးရင်ပြင်တော်ပေါ်က   ခေါင်းလောင်း တော်ကြီးနဲ့၊ ဇာတ်တော်ကြီးတွေကိုလည်း လေ့လာဖူးမြော် ကြည်ညိုခဲ့ကြပါတယ်။ ဘုရားကြီးပရိဝုဏ်ထဲက ရေပန်းတွေက လည်း မျက်စိပသာဒနဲ့ အေးချမ်းစေပါ တယ်။ ကျောက်စာရုံစေတီတွေနဲ့ မုစလိန္ဒ ကန်ကိုလည်း   လေ့လာဖြစ်ခဲ့ပါတယ်။ သာသနိကအဆောက်အဦတွေရဲ့ မြန်မာမှု အနုပညာ   ပြည့်စုံစွာ   ခမ်းခမ်းနားနား တည်ဆောက်ပေးထားတာလည်း မြန်မာ နိုင်ငံအတွက် ဂုဏ်ယူစရာပါ။ ကျွန်တော် တို့ နေပြည်တော် ဆိုင်ကယ်ချစ်သူများ အဖွဲ့အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာရှိကြတဲ့ ဆိုင်ကယ်ချစ်သူများ အဖွဲ့တွေကို   နေပြည်တော်မှာဆုံရပ် တစ်ခုလုပ်ပြီး ဘုရားကြီးကို ဆိုင်ကယ် ပေါင်းများစွာနဲ့ စုပေါင်းဖူးမြော်ဖို့ စီစဉ် သွားဦးမှာပါ။ ဒီနေ့ မိုးဖွဲလေးတွေလည်း ကျတော့ ဘုရားကြီးဖူးလိုက်ရတဲ့အခါ တိမ်တိုက်တွေထဲမှာ ဖူးမြော်ရသလို ခံစား မိပြီး ကြည်နူးဝမ်းသာမိပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။ 
မမလေး 
(ပျဉ်းမနားမြို့နယ်၊ ဆင်သေအုပ်စု)
အရင်ရက်တွေကတည်းက လာရောက် ဖူးမြော်ဖို့   ကြိုးစားနေခဲ့ပေမယ့်  အလုပ် မအားတဲ့အတွက် အခုမှ  လာရောက်ဖြစ် တာပါ။ ညနေပိုင်း ဘုရားဖူးလာပြည်သူတွေ နည်းနည်းပါးမယ်ထင်လို့    ညနေပိုင်းမှ လာခဲ့ပေမယ့် အံ့ဩစရာကောင်းလောက် အောင် ဘုရားဖူးပြည်သူတွေ    များပြားနေ တာ တွေ့ရပါတယ်။ ဘုရားကြီးကို ဖူးမြော် နေတဲ့အချိန်မှာ မိုးဖွဲလေးတွေကလည်း ကျတော့ ဘုရားရဲ့  တန်ခိုးတော်ကြောင့်ပဲ လို့   ထင်မြင်မိပါတယ်။   ရာသီဥတုက  အေးချမ်းနေတဲ့အတွက်    အေးအေး ဆေးဆေးနဲ့     ဖူးမြော်ခွင့်ရခဲ့ပါတယ်။   ဘုရားရင်ပြင်တော်မှာလည်း  ညနေခင်း ရောက်လာတာနဲ့အမျှ  ဘုရားဖူးသူတွေ အလွန်များပြားလာပါတယ်။ တကယ့်ကို ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ မြင်ကွင်း ပါ။ ဘုရားကြီးရဲ့ မျက်နှာတော်ကလည်း လွန်စွာကြည်ညိုစရာ ကောင်းလွန်းလှ ပါတယ်။ နောက်ပြီး တည်ထားပူဇော်ထား တဲ့   သာသနိကအဆောက်အဦတွေကို    သွားရောက်လေ့လာရတာလည်း ပင်ပန်း တယ်လို့ကို  မခံစားရပါဘူး။ ဒါကြောင့်  လာဖြစ်အောင်လာပြီး  ဖူးမြော်ကြပါလို့  တိုက်တွန်းလိုပါတယ်။  
ဟိန်းထက်ဇော်(မြန်မာ့အလင်း)
ဓာတ်ပုံ - ဖြိုးကျော်လင်း