
ရန်ကုန် ဩဂုတ် ၁၇
၂၀၂၃ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၈) တွင် ဇယား ထိပ်ဆုံးမှ မြဝတီအသင်း သရေကျခဲ့သဖြင့် ချန်ပီယံဆုအတွက် အကြိတ်အနယ်ပြန်ဖြစ်လာသည်။
ပွဲစဉ် (၈) တွင် လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းက Young Lionesses အသင်းကို ခုနစ်ဂိုး - ဂိုးမရှိ၊ သစ္စာအားမာန်အသင်းက အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရပြီး မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ဂိုးမရှိသရေ ကျခဲ့သည်။ ယခုတစ်ပတ်တွင် မြဝတီအသင်း သရေကျခဲ့သဖြင့် ချန်ပီယံ ဆုအတွက် အကြိတ်အနယ်ပြန်ဖြစ်လာပြီး မြဝတီအသင်းနှင့် လက်ရှိ ချန်ပီယံ အား/ကာသိပ္ပံအသင်း ပြိုင်ဆိုင်ရမည့်အနေအထားဖြစ်လာ ခဲ့သည်။
မြဝတီအသင်းသည် ပွဲစဉ် (၈) မတိုင်မီက ငါးမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့သော်လည်း ယခုတစ်ပတ်တွင် သရေကျခဲ့သဖြင့် သုံးမှတ်သာ အသာရတော့ခြင်းဖြစ်သည်။ ပွဲစဉ် (၈) အပြီးတွင် မြဝတီအသင်းက ရမှတ် ၂၂ မှတ်ဖြင့် ဦးဆောင်နေပြီး လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်း က ၁၉ မှတ်၊ သစ္စာအားမာန်အသင်းက ၁၆ မှတ်၊ ရန်ကုန်ယူနိုက်တက် အသင်းက ခုနစ်မှတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းက ခြောက်မှတ်ရရှိထားကာ Young Lionesses အသင်းမှာမူ ရှစ်ပွဲစလုံး အရေးနိမ့်ကာ အမှတ်မရသေးပေ။
မြဝတီအသင်းသည် လက်ကျန်ပွဲများအဖြစ် သစ္စာအားမာန်အသင်း၊ အား/ကာသိပ္ပံအသင်း၊ အား/ကာသိပ္ပံအသင်းက ရန်ကုန်ယူနိုက်တက် အသင်း၊ မြဝတီအသင်း၊ သစ္စာအားမာန်အသင်းက မြဝတီအသင်း၊ Young Lionesses အသင်းတို့နှင့် ကစားရန်ကျန်ရှိနေသည်။
ကိုညီလေး ၊ ဓာတ်ပုံ-MWL