
ရန်ကုန် ဩဂုတ် ၁၇
အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ ပညာရေးစီမံ အုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ ပညာ တန်ဆောင်ခန်းမတွင် ကျင်းပ သည်။
အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော် ထွန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ် များ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးနှင့် ခရိုင်ပညာရေးမှူး များ၊ သင်တန်းသား သင်တန်းသူ ဆရာကြီး ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် သင်ကြားပို့ချပေးမည့်ဘာသာရပ်များ၏ အကျိုး ရလဒ်အဖြစ် ဘာသာရပ်သဘော တရားများ၊ သီအိုရီဆိုင်ရာ ဗဟု သုတများနှင့် လက်တွေ့လုပ်ငန်းခွင် ဆိုင်ရာ အကြောင်းအရာများကို ခြုံငုံလေ့လာသုံးသပ်၍ မိမိတို့ လုပ်ငန်းနယ်ပယ်တွင် ထိရောက် အောင်မြင်စွာ လက်တွေ့အသုံးချ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် စီမံခန့်ခွဲမှုဆိုင်ရာ စုစည်းမှု စွမ်းရည်၊ စည်းရုံးမှုစွမ်းရည်၊ လှုံ့ဆော်မှုစွမ်းရည်၊ အကဲဖြတ် စွမ်းဆောင်ရည်နှင့် ခေါင်းဆောင်မှု စွမ်းရည်များ ပိုမိုထက်မြက်လာ မည်ဖြစ်ကြောင်း။
ကျောင်းအုပ်ကြီးများအနေဖြင့် ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်း များမှ အကျိုးအကြောင်း ဆီလျော် စွာ တင်ပြလာသောတင်ပြချက် များ၊ အကြံပြုချက်များကိုလည်း လက်ခံပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘာသာရပ်ခွဲဝေ ပေးခြင်း၊ တာဝန်ပေးခြင်းများ ပြုလုပ်ရာတွင် လူမှန်နေရာမှန် အရည်အသွေးမှန်အတိုင်း ခွဲဝေ ပေးပြီး ကောင်းစွာစီမံအုပ်ချုပ် နိုင်ရမည်ဖြစ်ကြောင်း၊ ဘက်လိုက် မှုမရှိရန်လိုအပ်သကဲ့သို့ ကိုယ်ချင်း စာနာစိတ်ဖြင့် စီမံအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ ဆရာကြီး၊ ဆရာမ ကြီးများ၏ ကျွမ်းကျင်မှု၊ အမြော် အမြင်ရှိမှုတို့သည် အနာဂတ် ပညာရေးလောကကို များစွာအကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သို့ စုစုပေါင်း သင်တန်း သား သင်တန်းသူ ၁၀၀ တက် ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၁၆ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သုံးလကြာ ဖွင့်လှစ်သွား မည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် အဆိုပါမန္တလေး ပညာရေးဒီဂရီကောလိပ်၌ တက် ရောက် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ မိမိတို့ဆရာ၊ ဆရာမ များဖြစ်သည့်အခါ ကျောင်းသား ကျောင်းသူများကို စာသင်ကြား ပေးရုံသာမက စိတ်ဓာတ်ခွန်အား များပေး၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသူများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးရန် မှာကြား သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ချမ်းမြသာစည် မြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ စာသင်ခန်း အတွင်း ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာ ပညာသင်ကြား နေမှုများကို ကြည့်ရှုအားပေး သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးတက္ကသိုလ်ရှိ တက္ကသိုလ် သုတေသနစင်တာသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်