
မောင်တော ဩဂုတ် ၁၇
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဩဂုတ်လလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၃ သန်းဖြစ်ပြီး ဩဂုတ် ၁ ရက်မှ ၁၃ ရက် အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၆၆၇ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၀ ဒသမ ၆၆၇ သန်း ဆောင်ရွက်နိုင် ခဲ့ပြီး လျာထားချက်အပေါ် ၄၃ ဒသမ ၅၉ ဆောင်ရွက် နိုင်ခဲ့သည်။
မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပြီး ဩဂုတ် ၁ ရက်မှ ၁၃ ရက်အထိ တင်ပို့ခဲ့သည့် လယ်ယာထွက်ကုန် ပစ္စည်းမှာ ချင်း (အစို) ၃၃၆ ဒသမ ၂၅ တန်၊ တညင်းသီး တန် ၄၀၊ နနွင်းတက် ငါးတန်၊ ကွမ်းသီး နှစ်တန်၊ ထန်းလျက် ၁ ဒသမ ၅ တန်၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း ၃၃၀ ဒသမ ၃၁၁ တန်၊ ငါးနီတူခြောက် သုံးတန်၊ ငါးကုန်း ညိုခြောက် ၈ ဒသမ ၅ တန်၊ ငါးစုံ လေးခြောက် ၅၄ ဒသမ ၅ တန်၊ ငါးခေါင်းပွ ၆ ဒသမ ၂၀၅ တန်၊ စက်မှု ကုန်ချောပစ္စည်းများမှာ ဆီးယိုထုပ် သုံးတန်၊ ဆန်ကြာဆံ တစ်တန်၊ ထွန်းရွှေဝါလိမ်းဆေး နှစ်တန်၊ သနပ်ခါးခဲ နှစ်တန်နှင့် မုန့်ဖတ်ခြောက် ၀ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့သည်။ ဩဂုတ် ၁၄ ရက် နံနက် ၁၁ နာရီအထိ ပြင်ပငွေလဲ နှုန်းမှာ တစ်ဒေါ်လာလျှင် ၃၄၆၃ ကျပ်၊ ၁၁၆ ဒသမ ၂၀ တာကာ၊ ကျပ် ၁၀၀ လျှင် လေးတာကာ၊ တစ်တာ ကာလျှင် ၂၉ ဒသမ ၈ ကျပ်နှုန်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။
စီးပွားကူးသန်း