အကြမ်းဖက်မှုဟူသမျှ ညီညီညွတ်ညွတ် တိုက်ဖျက်ကြ

Type
4

 

မင်းခန့်
 

အကြမ်းဖက်အဖွဲ့အစည်းတွေဟာ အချိန်နေရာဒေသမရွေး အပြစ်မဲ့ ပြည်သူလူထုကို ခြိမ်းခြောက်သတ်ဖြတ်လေ့ရှိကြလို့ ကမ္ဘာပေါ်မှာရှိတဲ့ လူ့အဖွဲ့အစည်းတိုင်းဟာ အကြမ်းဖက်ဝါဒရဲ့ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ စစ်ရေးဆိုင်ရာပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ၊ အရပ်ဘက်အခြေခံအဆောက်အဦတွေ၊ နိုင်ငံရဲ့အထင်ကရ အရေးပါတဲ့ နေရာတွေကို တိုက်ခိုက်ဖျက်ဆီးလေ့ရှိကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာ့နိုင်ငံအသီးသီးက လက်မခံဘဲ အမြဲတမ်းသတိကြီးစွာထားပြီး ကာကွယ်နေကြရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလို အကြမ်းဖက်အဖွဲ့အစည်းများရဲ့ အန္တရာယ် ကို ကာကွယ်ရာမှာ နိုင်ငံနယ်နိမိတ်၊ မတူကွဲပြားတဲ့ ဘာသာစကား၊ ကမ္ဘာ့နိုင်ငံအားလုံး လက်ခံထားတဲ့ အကြမ်းဖက်ဝါဒအဓိပ္ပာယ်၊       အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ဥပဒေစည်းမျဉ်းများအပေါ် အငြင်းပွား နေကြရန်မလိုဘဲ ကမ္ဘာ့နိုင်ငံအသီးသီး ပူးပေါင်းပြီး စုပေါင်းကာကွယ်ကြရမှာ ဖြစ်ပါတယ်။
ယနေ့ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ အန္တရာယ်ကို ခြုံငုံသုံးသပ်ကြည့် လိုက်ရင် နိုင်ငံတစ်ခုမှာ အကြမ်းဖက်မှုတွေ ကြီးစိုး လာပြီဆိုရင်   သက်ဆိုင်ရာနိုင်ငံအတွက်  ဆိုးကျိုး ဖြစ်စေရုံသာမက       အကြမ်းဖက်သမားများရဲ့ အယူဝါဒတွေဟာ အခြားဒေသတွင်းနိုင်ငံတွေကိုပါ ရိုက်ခတ်လာပြီး   ကမ္ဘာ့အကြမ်းဖက်အဖွဲ့များနဲ့ ချိတ်ဆက်သွားကြတာကို တွေ့ရပါသည်။ ဒါကြောင့် အကြမ်းဖက်သမားများရဲ့  ဆင်ခြင်တုံတရားမဲ့စွာ အပြစ်မဲ့ပြည်သူများအပေါ် ဥပဒေမဲ့ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်များကို  နိုင်ငံရေးအရ အကာ အကွယ်ပေးမှုတွေရှိနေကြရင် အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အင်အားကြီးထွားလာ ဖို့ အခွင့်အရေးပေးသလိုဖြစ်မယ်ဆိုတာကိုလည်း သတိချပ်ရမှာဖြစ်ပါတယ်။
ဥပဒေစည်းမျဉ်းများအရ ကာကွယ်တားဆီး
ဒါကြောင့်လည်း အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ အင်အားမကြီးထွားလာစေဖို့နဲ့ အပြစ်မဲ့ပြည်သူတွေကို   ကာကွယ်နိုင်ဖို့အတွက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းစဉ် တွေကို တစ်နိုင်ငံချင်းအလိုက် သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းများအရ ကာကွယ်တားဆီးနေကြ သလို  နိုင်ငံတကာနဲ့လည်း  ပူးပေါင်းဆောင်ရွက် တိုက်ဖျက်ကြရမှာ ဖြစ်ပါတယ်။
ဒီလို  ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များထဲက တစ်ခုဖြစ်တဲ့ အာဆီယံအပေါင်း အကြမ်းဖက် မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း   (Table  Top Exercise-TTX) ကို ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက် နေ့အထိ မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ 
စားပွဲတင်လေ့ကျင့်ခန်းကို  အာဆီယံအပေါင်း အကြမ်းဖက်မှု   တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့  ပူးတွဲဥက္ကဋ္ဌ တာဝန်ယူ ထားတဲ့ မြန်မာ၊   ရုရှားနိုင်ငံတို့အပြင်  ဘရူနိုင်း၊ ကမ္ဘောဒီးယား၊   တရုတ်၊  အိန္ဒိယ၊  အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ    တပ်မတော်အရာရှိကြီးများ   ပါဝင် တက်ရောက်ခဲ့ကြပါတယ်။ 
လေ့ကျင့်ခန်းဒုတိယနေ့ ဩဂုတ်လ ၃ ရက်နေ့ မှာ အမိန့်အဖွဲ့စီမံချက်ရေးဆွဲခြင်း (Command Post Exercise) လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ကြပြီး လေ့ကျင့်ခန်းပါ စစ်ဆင်ရေးစီမံချက်ကြီးတစ်ခုလုံးကို   မြန်မာနိုင်ငံနဲ့    ရုရှားနိုင်ငံက   ကိုယ်စားလှယ် အရာရှိကြီးများမှ      ဦးဆောင်ဆွေးနွေးမှုများကို အခြားနိုင်ငံများက ကိုယ်စားလှယ်တွေက သူတို့ရဲ့ အမြင်တွေ၊ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ဆွေးနွေး ကြပြီး ကောင်းမွန်ပြည့်စုံတဲ့ စီမံချက်ကြီးတစ်ခု ဖြစ်လာအောင် တက်တက်ကြွကြွနဲ့ နိုင်ငံအလိုက် အလှည့်ကျပါဝင် ဆွေးနွေးကြပါတယ်။
လေ့ကျင့်ခန်းတတိယနေ့ နံနက်ပိုင်းမှာတော့ နယ်မြေခံသင်တန်းကျောင်းမှာ မြန်မာ့တပ်မတော် အထူးတာဝန်တပ်ဖွဲ့ဝင်များမှ စွမ်းရည်သရုပ်ပြသမှု ကိုလည်း   တက်ရောက်ကြည့်ရှုခဲ့ကြပြီး   အထူး တာဝန်တပ်ဖွဲ့ဝင်  အမျိုးသား၊  အမျိုးသမီးများရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု၊       စိတ်ဓာတ်ကြံ့ခိုင် မာကျောမှု၊  စစ်စည်းကမ်းကောင်းမွန်မှုနဲ့  လေ့ကျင့် သားပြည့်ဝမှုတွေကို   နိုင်ငံအသီးသီးမှ  ကိုယ်စား လှယ်တော်များ    အသိအမှတ်ပြုခဲ့ကြပါတယ်။ နေ့လယ်ပိုင်းမှာ      စားပွဲတင်လေ့ကျင့်ခန်းကို တက်တက်ကြွကြွ   ဆက်လက်ဆောင်ရွက်ကြပြီး စီမံချက်အတွက် နောက်ဆုံးအတည်ပြုချက် ရယူနိုင် ခဲ့ကြပါတယ်။ ညပိုင်းမှာတော့ ညစာစားပွဲကျင်းပ ခဲ့ကြပြီး ကိုယ်စားလှယ်များအားလုံးရဲ့ သာမန်ထက် ပိုတဲ့ နားလည်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။
အတွေ့အကြုံကောင်းများရရှိ
 ဒီလို အာဆီယံနိုင်ငံတွေအပါအဝင် အခြားသော ဆွေးနွေးဖက်နိုင်ငံကြီးတွေနဲ့       အကြမ်းဖက်မှု တိုက်ဖျက်ရေး     စားပွဲတင်လေ့ကျင့်ခန်းတစ်ခုကို ဦးဆောင်ပြီး အောင်အောင်မြင်မြင် ကျင်းပနိုင်တာ ဟာ   မြန်မာနိုင်ငံအတွက်  ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်ပါတယ်။   ဒါ့အပြင်   လတ်တလော  နိုင်ငံရေး အခြေအနေတွေအရ NUG ၊ PDF အကြမ်းဖက် သမားများရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ် နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှု  တန်ပြန် တိုက်ဖျက်ရေးလုပ်ငန်းတွေကို        နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး  ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့တာ ကလည်း    တန်ဖိုးမဖြတ်နိုင်တဲ့   အတွေ့အကြုံ ကောင်းများ ရရှိစေခဲ့ပါတယ်။
လေ့ကျင့်ခန်း    ဆောင်ရွက်စဉ်ကာလအတွင်း လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ နိုင်ငံများမှ တပ်မတော်အရာရှိကြီးများအား   စိတ်အပန်းပြေ စေရန်နှင့် မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိနိုင်စေရန် လေ့လာရေးအစီအစဉ်များ       စီစဉ်ပေးခဲ့ရာ တပ်မတော်စစ်သမိုင်းပြတိုက်မှာ   ပြသထားတဲ့ လွတ်လပ်ရေးနဲ့အတူ   ပေါက်ဖွားလာတဲ့  မြန်မာ့ တပ်မတော်ရဲ့ သမိုင်းကြောင်းနဲ့ ခေတ်အဆက်ဆက် ပြည်သူတွေရဲ့    အသက်အိုးအိမ်ကို   ကာကွယ် စောင့်ရှောက်ပြီး       ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များ၊      အမျိုးသားပြတိုက်မှာ ပြသထားတဲ့  သမိုင်းမတင်မီကာလ  (Prehistoric Period)  ကတည်းက  တည်ရှိခဲ့တဲ့ မြန်မာတို့ရဲ့ မြို့ပြယဉ်ကျေးမှုထွန်းကားခဲ့တဲ့ အထောက်အထား များ၊ ရှေးမြန်မာတို့ရဲ့ သမိုင်းဝင် (Historic Period) စာပေ၊  ပန်းချီ၊  ဗိသုကာနှင့် ဘာသာရေးဆိုင်ရာ အထောက်အထားများ၊   ကိုယ့်ထီးကိုယ့်နန်းဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို   ဖော်ညွှန်းခဲ့တဲ့ ရှေးမြန်မာမင်းများ၏       သီဟာသနပလ္လင်ရဲ့ ခမ်းနားထည်ဝါမှုများ၊      ကျောက်မျက်ရတနာ ပြတိုက်မှာ ပြသထားတဲ့ မြန်မာ့တွင်းထွက်အဖိုးတန် သယံဇာတကျောက်မျက်ရတနာများကို   လေ့လာ ခဲ့ကြပါတယ်။ 
ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုရဲ အငွေ့အသက်
ဒါ့အပြင် နေပြည်တော်ရဲ့အထင်ကရ ဥပ္ပါတသန္တိ စေတီတော်ကြီးနဲ့     ကမ္ဘာပေါ်ရှိ    ထိုင်တော်မူ ကျောက်ဆစ်      ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလည်း သွားရောက်ဖူးမြော်ခဲ့ကြပြီး ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုရဲ့    အငွေ့ အသက်တွေကို အပြည့်အဝခံစားနိုင်ခဲ့ကြပါတယ်။ အထူးသဖြင့်        မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီး အနေကဇာတင်အခမ်းအနား     ပြုလုပ်ပြီးနောက် ပထမဆုံးနိုင်ငံ ၁၁ နိုင်ငံမှ  နိုင်ငံခြားသားများက လာရောက်ဖူးမြော်ခဲ့တဲ့ နိုင်ငံခြားသားဘုရားဖူးများ အဖြစ်  မှတ်တမ်းဝင်ခဲ့ပြီး  ဧည့်သည်တော်ကိုယ်စား လှယ်ကြီးများအနေဖြင့် တာဝန်ရှိသူများရဲ့ ရှင်းလင်း ပြောကြားချက်များအရ   ကမ္ဘာမှာ  အလေးချိန် အကြီးမားဆုံး၊ ထုထည်အကြီးဆုံး၊ ကျောက်တုံး တော်ကြီးများကို အဝေးဆုံး  ရေလမ်း၊  ကုန်းလမ်း သယ်ဆောင်မှု   မှတ်တမ်းနဲ့ ဘုရားကြီးအဆင့်ဆင့် ထုဆစ်မှုနဲ့   ဗုဒ္ဓဥယျာဉ်တော်အတွင်း   တည်ထား ကိုးကွယ်ထားရှိသည့် ဘုရားစေတီများ၊ သာသနိက အဆောက်အဦများကို   ဆောက်လုပ်ခဲ့တဲ့  မြန်မာ့ အင်ဂျင်နီယာများရဲ့   စွမ်းပကားများကို   ဂုဏ်ယူ ဝင့်ကြွားစွာ ပြသနိုင်ခဲ့ပါတယ်။
ယခုပြုလုပ်တဲ့     အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းဟာ အာဆီယံ နိုင်ငံများနဲ့       ဆွေးနွေးဖက်နိုင်ငံတွေအကြား ကာကွယ်ရေးနဲ့  လုံခြုံရေးဆိုင်ရာ  ပူးပေါင်းဆောင် ရွက်မှုနယ်ပယ် (၇)ခုရှိတဲ့အနက်    အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး    (Counter  Terrorism) နယ်ပယ်အတွက်ဖြစ်ပါတယ်။   ဒီလေ့ကျင့်ခန်းကို မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူပြီး စားပွဲတင်လေ့ကျင့်ခန်း (TTX) ကို မြန်မာနိုင်ငံက   ဦးဆောင်ပြီး   ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
နယ်ပယ် (၇)ခုမှာ  ပူးပေါင်းဆောင်ရွက်
နယ်ပယ် (၇)ခုမှာ  ပူးပေါင်းဆောင်ရွက်မှုတွေ ကို ၂၀၁၁ ခုနှစ်ကတည်းကစပြီး   သုံးနှစ်တစ်ကြိမ် အလှည့်ကျပူးတွဲဥက္ကဋ္ဌများအဖြစ် အာဆီယံနိုင်ငံ များထဲမှ     တစ်နိုင်ငံနဲ့   အပေါင်းနိုင်ငံများထဲမှ တစ်နိုင်ငံက       တာဝန်ယူဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အာဆီယံအပေါင်း    အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ  ကျွမ်းကျင်လုပ်ငန်း အဖွဲ့ရဲ့ ပထမသက်တမ်းဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံနဲ့    အမေရိကန်နိုင်ငံ၊ ဒုတိယသက်တမ်းဖြစ်တဲ့   ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စင်ကာပူနိုင်ငံနဲ့    ဩစတြေးလျနိုင်ငံ၊ တတိယသက်တမ်းဖြစ်တဲ့ ၂၀၁၇ ခုနှစ်မှ  ၂၀၁၉ ခုနှစ်အထိ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က   ပူးတွဲ ဥက္ကဋ္ဌများအဖြစ်   တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခုစတုတ္ထသက်တမ်းကိုတော့ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်ရပ်နားခဲ့ပြီး ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ်      ဆက်လက်တာဝန်ယူ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ 
ယခုလို အာဆီယံအပေါင်း   အကြမ်းဖက်မှု တန်ပြန်    တိုက်ဖျက်ရေးနယ်ပယ်မှာ     ပူးပေါင်း လေ့ကျင့်ခန်းတွေကို    ပြုလုပ်တာဟာ အာဆီယံနဲ့  ဆွေးနွေးဖက်နိုင်ငံများရဲ့  တပ်ဖွဲ့ဝင်များကြားမှာ   ထိတွေ့ဆက်ဆံမှု၊     နားလည်မှု၊      ယုံကြည်မှု၊   ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ  ပိုမို တိုးတက်လာစေဖို့   ရည်ရွယ်ပါတယ်။   အဲဒီလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်ယုံကြည်မှု တွေကတစ်ဆင့်  ဒေသတွင်းမှာ  အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို     တိုက်ဖျက်ရာမှာ   ပိုမိုအားကောင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။
အခုပြုလုပ်ခဲ့တဲ့     စားပွဲတင်လေ့ကျင့်ခန်း ပုံသဏ္ဌာန်ကတော့ တည်ငြိမ်အေးချမ်းနေတဲ့ နိုင်ငံ တစ်နိုင်ငံကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမား တွေကို နိုင်ငံပေါင်းစုံ    တပ်ဖွဲ့များနဲ့    ဝိုင်းဝန်း တိုက်ခိုက်ဖို့အတွက်     လုပ်ငန်းစီမံချက်ရေးဆွဲတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ စားပွဲတင်လေ့ကျင့်ခန်း သတ်မှတ်အဆင့်များဖြစ်တဲ့ စစ်ဦးစီးလေ့ကျင့်ခန်း (Staff Exercise)၊     အမိန့်အဖွဲ့စီမံချက်ရေးဆွဲခြင်း (Command Post Exercise) တွေကို       မြန်မာနဲ့ ရုရှားတပ်မတော်အရာရှိကြီးများမှ      ဦးဆောင် ဆွေးနွေးခဲ့ကြပြီး         အခြားနိုင်ငံများကလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြတာ     မြင်တွေ့ ခဲ့ရပါတယ်။
တူညီတဲ့  ဘုံရည်မှန်းချက်
လေ့ကျင့်ခန်းကို  ပါဝင်ဆောင်ရွက်နေတဲ့  နိုင်ငံ တွေကို ကြည့်လိုက်ရင် ပိုင်နက်နယ်မြေ၊ ဘာသာ စကား၊ ယဉ်ကျေးမှု     ဓလေ့ထုံးတမ်းစဉ်လာတွေ မတူကွဲပြားနေပေမယ့်  တူညီတဲ့    ဘုံရည်မှန်းချက် ကတော့ ကမ္ဘာ့မည်သည့်နေရာမှာမဆို အကြမ်းဖက် သမားတွေကို   လက်မခံဘဲ      ဝိုင်းဝန်းတိုက်ဖျက် ကြမည်ဆိုတဲ့ သဘောထားဖြစ်ပါတယ်။  ဒါကြောင့် လည်း အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များမှာ  ယခုလို   တက်တက်ကြွကြွ၊ ညီညီညွတ်ညွတ်နဲ့  ဝိုင်းဝန်းဆွေးနွေးလုပ်ဆောင် နေခြင်း ဖြစ်ပါတယ်။ 
အမှန်တကယ်တော့ အာဆီယံနဲ့  အပေါင်းနိုင်ငံ များရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ ဖွဲ့စည်းထားတဲ့ ဒီယန္တရားဟာ    အဖွဲ့ဝင်နိုင်ငံများရဲ့     နိုင်ငံရေး၊ ပြည်တွင်းရေးအခြေအနေတွေနဲ့ ပတ်သက်မှုမရှိ ပါဘူး။    အကြမ်းဖက်ဝါဒနဲ့   အကြမ်းဖက်လုပ်ရပ် ဆိုတာ ကမ္ဘာပေါ်မှာ  ဘယ်နိုင်ငံမှ လက်မခံနိုင်သလို ဒေသတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေ ကို ဒေသတွင်းနိုင်ငံတွေ  လက်တွေ့ကျကျ   ပူးပေါင်း ပြီး တိုက်ဖျက်ဖို့    ဒီလိုယန္တရားတွေကို    ဖွဲ့စည်း ထားတာပဲ   ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေတွေ၊   အုပ်ချုပ်ရေးစနစ်တွေ ထက်  ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့    ပူးပေါင်း ဆောင်ရွက်မှုကိုသာ အလေးထားလုပ်ဆောင်ကြ ရမှာ ဖြစ်ပါတယ်။ 
မိမိတို့ အာဆီယံနိုင်ငံများအကြားမှာလည်း တစ်နိုင်ငံနဲ့  တစ်နိုင်ငံ မတူညီတဲ့   သမိုင်းကြောင်း အစဉ်အလာ၊ ယဉ်ကျေးမှု၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု စတာတွေကနေ    မတူညီတဲ့   နိုင်ငံရေးစနစ်တွေ၊ မတူညီတဲ့ အုပ်ချုပ်ရေးစနစ်တွေ ရှိနေကြတာ ဖြစ်ပါ တယ်။ အဲဒီလို  မတူညီတဲ့       အခြေအနေတွေကနေ  တူညီတဲ့    ဘုံရည်မှန်းချက်ဖြစ်တဲ့      အာဆီယံ ဗဟိုပြုမှုနဲ့ အရေးပါမှုကို အကောင်အထည်ဖော်ဖို့ စည်းစည်းလုံးလုံး    ညီညီညွတ်ညွတ်နဲ့   ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 
စည်းလုံးညီညွတ်မှုရဲ့ ရလဒ်
နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးစနစ်တွေကို အကြောင်း ပြပြီး ဒီလိုအကြမ်းဖက်မှု တိုက်ဖျက်ရေးလေ့ကျင့်ခန်း တွေကို ပူးပေါင်းဆောင်ရွက်မှုမရှိတာဟာ အကြမ်း ဖက်ဝါဒနဲ့  အကြမ်းဖက်လုပ်ရပ်များကို ပိုမိုအားပေး အားမြှောက်ပြုတယ်ဆိုတဲ့အဓိပ္ပာယ်  သက်ရောက် စေပါတယ်။       ဒီလေ့ကျင့်ခန်းပြုလုပ်တာနဲ့ ပတ်သက်ပြီး    မလိုလားတဲ့သူတွေရဲ့   အနှောင့် အယှက်အမျိုးမျိုး ရှိနေခဲ့ပေမယ့် အောင်အောင် မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ခြင်းဟာ စည်းလုံးညီညွတ်မှုရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လေ့ကျင့်ခန်း ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “လုံခြုံမှုကို တည်ဆောက်ဖို့၊ ညီညီညွတ်ညွတ်   ဆောင်ရွက်စို့”   (Working in Unity, Building the Security) ဆိုတဲ့ အနှစ်သာရကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ပါဝင်ဆောင်ရွက်ကြတဲ့ နိုင်ငံများ အလိုက်က ကိုယ်စားလှယ်တွေရဲ့  အတွေ့အကြုံတွေ၊ အကြံပေးမှုတွေကလည်း လေ့ကျင့်ခန်းကြီး ပြည့်စုံ အောင်မြင်ဖို့အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် ဒီလိုလေ့ကျင့်ခန်းတွေကို   စဉ်ဆက် မပြတ် ပြုလုပ်ခြင်းအားဖြင့် တပ်ဖွဲ့ဝင်များကြားမှာ တစ်ဦးနဲ့တစ်ဦး      နားလည်ယုံကြည်မှုတွေ    ပိုမို တိုးတက်လာပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့   အကြမ်းဖက်ဝါဒနဲ့ အကြမ်း ဖက်လုပ်ရပ်တွေကို     တိုက်ဖျက်တဲ့     နေရာမှာ လက်တွေ့ကျတဲ့    အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်လာမယ်ဆိုတာ   အပြည့်အဝယုံကြည်ကြောင်း အသိပေးလိုက်ရပါတယ်။    ။