အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) စတင်တည်ထောင်သည့် နှစ် (၃၀) ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပ

 

ရန်ကုန်  ဩဂုတ်   ၁၅ 


၁၉၉၃ ခုနှစ် သြဂုတ်   ၁၅   ရက်တွင်    စတင်တည်ထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏ နှစ်  (၃၀)   ပြည့် နှစ်ပတ်လည်အခမ်းအနားကို သြဂုတ် ၁၅ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ကျင်းပရာ   လေကြောင်းနှင့်ဆက်စပ်သည့်  ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ MAI လေကြောင်းလိုင်းမှ  တာဝန်ရှိပုဂ္ဂိုလ်များ၊ သံရုံးအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပနိုင်ငံများရှိ MAI နှင့် မိတ်ဖက်ကုမ္ပဏီများမှ  တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။


အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) လေကြောင်းလိုင်း    တာဝန်ရှိသူများက   လေကြောင်းလိုင်း   စတင် တည်ထောင်ခဲ့သည့်အချိန်မှ ယနေ့အချိန်ထိ   အဆင့်ဆင့်တိုးတက် ပြောင်းလဲလာခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လေကြောင်းလိုင်းကို  အခက်အခဲမျိုးစုံ ကြားမှ ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရမှုများကို ရှင်းလင်းတင်ပြ သည်။ ယင်းနောက်  အပြည်ပြည်ဆိုင်ရာ  မြန်မာလေကြောင်း  (MAI) လေကြောင်းလိုင်းအနေဖြင့် အနာဂတ်တွင် မြန်မာလေကြောင်းလောက တိုးတက်လာစေရန်အတွက် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ ကို ရှင်းလင်းပြသကာ မိတ်ဖက်ကုမ္ပဏီများကို ဂုဏ်ပြုဆုများ ချီးမြှင့် သည်။


အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် မြန်မာနိုင်ငံ သားပိုင်    လေကြောင်းလိုင်းဖြစ်ပြီး    ပြည်တွင်းပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲသည့် လုပ်ငန်းတစ်ခုတည်းသာမက လေယာဉ်ဖြင့် ခရီး သွားသည့် ခရီးသည်များ လေယာဉ်ပေါ်တွင် ကျန်းမာရေးနှင့် ညီညွတ် သော အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးနိုင်ရန်အတွက် MAI Inflight Catering Services  နှင့်  Myanmar Auspicious Life Bakery & Kitchen လုပ်ငန်းကိုပါ ဆောင်ရွက်လျက်ရှိသည့်အပြင် Aviation နှင့်သက်ဆိုင်သည့် လုပ်ငန်းအမျိုးအစားအလိုက် သင်တန်းများကိုပါ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။


အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အနေဖြင့် ယခုအခါ Air Bus Fleet၊ Embraer E-190 Fleet နှင့် ATR-72 Fleet လေယာဉ် စုစုပေါင်း ၁၅ စင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို ပုံမှန် Schedule Flight အပြင် Charter Flight များကိုပါ ပျံသန်းပြေးဆွဲလျက်ရှိပြီး လာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် လေယာဉ်အစင်းရေ ၂၅ စင်းအထိ  တိုးချဲ့ကာ       မြန်မာနိုင်ငံသားများ       ဂုဏ်ယူရမည့်    အင်အားကြီး လေကြောင်းလိုင်းတစ်ခုဖြစ်လာစေရန်    ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                                 
  ကိုညီလေး