ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ယူနန်ပန်တက်စ်နည်းပညာကုမ္ပဏီသို့ သွားရောက်လေ့လာ

 

နေပြည်တော်  ဩဂုတ်  ၁၅


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း မြို့၌ ကျင်းပပြုလုပ်မည့် “(၇)ကြိမ် မြောက်   တရုတ် - တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း)  ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ”သို့ တက်ရောက်ရန် ကူမင်းမြို့၌   ရောက်ရှိနေသော စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး    ဦးအောင်နိုင်ဦးသည် ယနေ့   ဒေသစံတော်ချိန်  နံနက် ၉ နာရီခွဲတွင်   ယူနန်စက်မှုဖွံ့ဖြိုးရေးဇုန်၌တည်ရှိသော     ယူနန်ပန် တက်စ်         နည်းပညာကုမ္ပဏီ ( Yunnan Pan Test Technology Company) သို့   သွားရောက် လေ့လာရာ  ကုမ္ပဏီမှတာဝန်ရှိသူ များက    လယ်ယာထွက်ကုန်များ စမ်းသပ်စစ်ဆေးနေမှု အခြေအနေ ကို လိုက်လံရှင်းလင်းပြသသည်။


ပြည်ထောင်စု     ဝန်ကြီးက ကုန်ပစ္စည်း     စမ်းသပ်စစ်ဆေးမှု လုပ်ငန်းများနှင့်       ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့်  ပူးပေါင်းကာ မြန်မာနိုင်ငံတွင်     နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်းများ   အဆင့် မြှင့်တင်နိုင်ရေး   ကိစ္စရပ်များနှင့် ပူးပေါင်း      ဆောင်ရွက်နိုင်မည့် အလားအလာများကို    လည်း ကောင်း၊    မြန်မာ့လယ်ယာထွက် ကုန်များ    အရည်အသွေး  ပိုမို ကောင်းမွန်စွာဖြင့် တိုးမြှင့်တင်ပို့ နိုင်ရေး  ကိစ္စရပ်များကို လည်း ကောင်း    ကုမ္ပဏီမှ    တာဝန်ရှိ သူများနှင့် ရင်းနှီးစွာ ဆွေးနွေးခဲ့ သည်။ 


ညပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီးသည်   ယူနန်ပြည်နယ် အစိုးရ အုပ်ချုပ်ရေးမှူးက တည်ခင်း ဧည့်ခံသော  ဂုဏ်ပြုညစာစားပွဲသို့ တောင်အာရှနှင့်    အရှေ့တောင် အာရှနိုင်ငံများမှ  ကိုယ်စားလှယ် အဖွဲ့    ခေါင်းဆောင်များနှင့်အတူ  တက်ရောက်ခဲ့ကြောင်း     သိရ သည်။ 


သတင်းစဉ်