
နေပြည်တော် ဩဂုတ် ၁၂
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည် တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ် များနေ့အတွက် “ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့ လူငယ့်စွမ်းအား ဖြင့် ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်လူငယ်များ အချင်း ချင်း ပူးပေါင်း၍ လူငယ်များ၏ စွမ်းအားကို အသုံးပြုပြီး ကမ္ဘာ ကြီး ရေရှည်တည်တံ့နိုင်စေရေး အတွက် အရှိန်မြှင့်တင်ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် လူငယ် များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လူငယ်ရေးရာကိစ္စရပ် များကို မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ စနစ်တကျ ချမှတ်၍ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း။
လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်ရာ တွင် ဦးဆောင်ဝန်ကြီးဌာနများ ဖြစ်သည့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနများအပါ အဝင် ပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့်အတူ ပြည်သူ တစ်ရပ်လုံးက အမျိုးသားရေးအသိ ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင် လူငယ်မောင်/မယ်များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံ မှ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အနာဂတ် တွင် တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး စိတ်ဓာတ်စည်းကမ်း ကောင်းမွန် သည့် လူကောင်းလူတော်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များ၏ စွမ်းပကားဖြင့် လူမှု စီးပွားဘဝ သာယာဖွံ့ဖြိုးတိုးတက် သော အနာဂတ်လူ့ဘောင်အဖွဲ့ အစည်းအား ဖန်တီးပုံဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Mr . Antonio Guterres က အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့အတွက် ပေးပို့လာသည့် သဝဏ်လွှာကို မြန်မာနိုင်ငံလူငယ် ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဖတ်ကြားခဲ့ပြီး ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက် မှတ် တမ်း (Video Clip)ကို ပြသသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးများက ထူးချွန်ဆုရလူငယ် များအား ဂုဏ်ပြုဆုငွေများ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ပြီး(ဝဲပုံ)လူငယ်များ ကိုယ်စား ထူးချွန်လူငယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်