အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း အသိပညာပေး‌ရှင်းလင်း

 

မန္တလေး   ဩဂုတ်   ၁၂


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ      ပြေစာအမှတ်တံဆိပ်    (အခွန် အမှတ်တံဆိပ်) ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲအခမ်းအနားများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာမှူးရုံး  ၂၈  ရုံး ၌ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပသည်။


အခမ်းအနားများတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပြေစာအမှတ်တံဆိပ် (အခွန်အမှတ်တံဆိပ်) ကပ်နှိပ်ခြင်းဆိုင်ရာ  လုပ်ငန်းများ ရှင်းလင်းပြောကြားပြီး တက်‌ရောက် လာသော  လုပ်ငန်းရှင်အခွန်ထမ်းများက မရှင်းလင်းသည့် အချက်များ မေးမြန်းရာ တာဝန်ရှိသူများက ပြည်လည်ရှင်းလင်းဆွေးနွေးသည်။


အဆိုပါအခမ်းအနားများသို့     မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်  ၇၇၅  ဦး၊   ရွှေဆိုင်လုပ်ငန်းရှင် ၂၇၉ ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ငန်းရှင် ၃၇၈ ဦး၊  ဟန်းဆက်နှင့်   ဆက်စပ် ပစ္စည်းများ လုပ်ငန်းရှင် ၁၃၀ စုစုပေါင်း ၁၅၆၂  ဦး  တက်ရောက်သည်။ 


သတင်းစဉ်