
ရန်ကုန် ဩဂုတ် ၁၁
ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ Continental Futsal Champion- ship 2023 ဆီမီးဖိုင်နယ်ပွဲစဉ်များ ကို သြဂုတ် ၁၁ ရက်က ဆက်လက် ကျင်းပရာ မြန်မာအသင်း ရှုံးပွဲ ကြုံတွေ့ပြီး ဗိုလ်လုပွဲနှင့် လွဲချော် ခဲ့သည်။
ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် ချက်အသင်းက မြန်မာအသင်းကို ငါးဂိုး - တစ်ဂိုး၊ အိမ်ရှင် ထိုင်း အသင်းက အာဖဂန်နစ္စတန် အသင်းကို ငါးဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်း သည် ဥရောပအသင်းဖြစ်သော ချက်အသင်းကို ယှဉ်ကစားနိုင်ခြင်း မရှိဘဲ ဂိုးပြတ်အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။ ချက်အသင်းသည် ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုး သွင်းယူခဲ့ပြီး မြန်မာအသင်း အတွက် ချေပဂိုးတစ်ဂိုးကို လှိုင်မင်းထွန်းက သွင်းယူပေးခဲ့ သည်။
သြဂုတ် ၁၃ ရက်တွင် တတိယ နေရာလုပွဲအဖြစ် မြန်မာအသင်း နှင့် အာဖဂန်နစ္စတန်အသင်း၊ ဗိုလ်လုပွဲအဖြစ် အိမ်ရှင် ထိုင်း အသင်းနှင့် ချက်အသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF