နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်  ဩဂုတ်    ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်         ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းက အနောက် တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာ ဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး   မောင်မောင်အေး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊    ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်  တာဝန်ရှိသူများ၊  ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။


တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး
ဦးဆောင်မှုအခန်းကဏ္ဍ


ထိုသို့  တွေ့ဆုံအမှာစကား   ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့်   အခြေအနေများ၊ မဲမသမာမှုများကို  တရားဥပဒေနှင့်အညီ   ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင်   နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန်လုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို   နိုင်ငံရေးအရအရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး  တပ်မတော်မှ   နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့်အခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့်   တာဝန် ထမ်းဆောင်ခဲ့သည့်ကာလအတွင်း   နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ    ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် လျက်ရှိသော်လည်း အကြမ်းဖက်မှုဖြစ်စဉ်များ ရှိနေဆဲ ဖြစ်သဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၃ ခုနှစ် ဩဂုတ် ၁  ရက်မှစ၍  နောက်ထပ် (၆) လ  သက်တမ်း တိုးမြှင့်ထားသည့်အခြေအနေများ၊ ဆက်လက်တာဝန် ထမ်းဆောင်သွားမည့်ကာလအတွင်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ချမှတ်၍ ဆောင်ရွက်လျက် ရှိသည့်အခြေအနေများ၊ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ ရန်ပြင်ဆင်မှုများနှင့်အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ် ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရ အား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးကို ဦးတည်ချက် ထား၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်များပြောင်းလဲခဲ့မှုအခြေအနေများနှင့် တပ်မတော် အနေဖြင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ တွင် ပါဝင်နေရသည့်အခြေအနေများနှင့် စပ်လျဉ်း၍ ဦးစွာရှင်းလင်းပြောကြားသည်။


နိုင်ငံ့အနာဂတ်အတွက် ဗလငါးတန် ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရမည်


ဆက်လက်ပြောကြားရာတွင်   အသစ်ထပ်မံ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည် ချက်  ၉  ရပ်ကို   ကျယ်ကျယ်ပြန့်ပြန့်လေ့လာ၍ အောင်မြင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက် ရာ၌ ကျရာအခန်းကဏ္ဍက ပါဝင်ရမည်ဖြစ်ကြောင်း၊ ဦးတည်ချက်များအနက် လူငယ်များ၏ အခန်းကဏ္ဍ တစ်ခုကို ထည့်သွင်းချမှတ်ထားကြောင်း၊ အနာဂတ် နိုင်ငံတော်၏တာဝန်ကို  ထမ်းဆောင်ရန်အတွက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂ ဗလဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူကောင်း၊ လူတော်များကို မွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံ၏ အနာဂတ်တိုးတက်ရေးအတွက်  လူငယ်များသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေပြီး အနာဂတ် တိုင်းပြည်ကို  ဦးဆောင်နိုင်သည့်နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက် လာစေရေး   ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူ များဖြစ်အောင်  လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ လျှင်   အနာဂတ်နိုင်ငံတော်အတွက်    ခိုင်မာမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ယခင်က ပညာရေးစနစ် ၏အားနည်းမှု၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းမှုများ ရှိခဲ့ခြင်းကြောင့်   ကျောင်းသား ကျောင်းသူများ၏ ပညာရေးတွင် အားနည်းချက်များရှိခဲ့ကြောင်း၊ ပညာ ရည်မြင့်မားတိုးတက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်သဖြင့် မိမိတို့ အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန် မှစ၍ ပညာရည်မြင့်မားရေးကိစ္စရပ်များကို အားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊  တိုင်းပြည်အတွက် ရေရှည်အကျိုးကို မျှော်တွေး၍   ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် လည်း ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၏ဆိုလို ချက်နှင့်မျှော်မှန်းချက်များကို သဘောပေါက်နားလည် ကြရန်နှင့် မိမိတို့  တတ်နိုင်သည့်ဘက်မှ  လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုသည်ကို တိုက်တွန်းမှာကြားလိုကြောင်း။


နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် စွမ်းရည်စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု
တပ်မတော်ပိုင်းဆိုင်ရာများနှင့်   ပတ်သက်၍ တပ်မတော်၏  အဓိကတာဝန်သည်   နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် အန္တရာယ် များကို   ကာကွယ်စောင့်ရှောက်ရန်နှင့်   နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ တပ်မတော် တိုင်းသည် ပြည်ပအန္တရာယ်၊ ရန်စွယ်များကိုကာကွယ် ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်း ရသည်ဖြစ်သော်လည်း မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း အခြေအနေများအရ  တပ်မတော်မှ   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ   ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးတွင် အတူတကွ ပူးပေါင်း၍ တာဝန် ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း။


တပ်မတော်ကို     စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး  မိမိတို့အနေဖြင့်  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်၏ စွမ်းပကား မြှင့်တင်ရန်အတွက် စစ်သည်တစ်ဦးချင်း၏ စွမ်းရည် မြင့်မားစေရေး လေ့ကျင့်ရေးတာဝန်များကို မှန်မှန် ကန်ကန်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့   တစ်ဦးချင်း စွမ်းရည်များရှိစေရေး အမြဲလေ့ကျင့်ဆောင်ရွက်နေ ရန်လိုကြောင်း၊ တပ်မတော်သားအားလုံး ကျန်းမာ၊ ကြံ့ခိုင်မှုရှိစေရေးအတွက် နေထိုင်စားသောက်မှုများ ကို တတ်နိုင်သမျှပြည့်စုံအောင် ဆောင်ရွက်ပေးထား ပြီးဖြစ်ကြောင်း၊   ဉာဏပိုင်းနှင့်ပတ်သက်၍လည်း စစ်အတတ်ပညာများကိုသာမက  သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍရပ်များအားလုံးကို   ကျွမ်းကျင်တတ်မြောက် အောင်    လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ တစ်ဦးချင်း၏   ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် လည်း အမြဲလေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း။


အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး တစ်ဦးချင်း၏ စွမ်းဆောင်မှု၊ ကြိုးပမ်းအားထုတ်မှုမှသည်  စွမ်းရည် စွမ်းအားရှိသည့်    တပ်မတော်တစ်ရပ်ဖြစ်စေရေး အားလုံးမှ  ဝိုင်းဝန်းကြိုးပမ်း   ဆောင်ရွက်ကြရန်လို ကြောင်း၊ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ် ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း  မိမိတို့ တတ်စွမ်းသရွေ့ ဝိုင်းဝန်းအားပေး ဖော်ဆောင်သွား ကြရန်လိုကြောင်း မှာကြားပြီး  အရာရှိ၊  စစ်သည်၊ မိသားစုများ၏လိုအပ်ချက်များကို မေးမြန်းသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်း ကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ဇနီးကလည်း ကောင်း လက်ခံရယူကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်   တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊  မိသားစုများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ပုသိမ်တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။  

 သတင်းစဉ်