နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဩဂုတ်  ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ယနေ့မွန်းလွဲပိုင်း တွင်    ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)   နှင့်  အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊  အနောက် တောင်တိုင်းစစ်ဌာနချုပ်     တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍     ဧရာဝတီတိုင်း ဒေသကြီးအတွင်း     အားကစားကဏ္ဍ မြှင့်တင်ရေး     ဆောင်ရွက်နေမှုများနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့  သွား ရောက်ကြည့်ရှုစစ်ဆေးသည်။


ရှင်းလင်းတင်ပြ


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်   ပုသိမ်မြို့    ကိုးသိန်း အားကစားပြိုင်ကွင်းသို့     ရောက်ရှိကြပြီး ရှင်းလင်းဆောင်တွင် အားကစားနှင့် ကာယ ပညာဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက  တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ     ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိမှု၊ အားကစား ကွင်းများ၊  အားကစားရုံများ၊  ရေကူးကန် တည်ဆောက်ထားရှိမှုနှင့် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိမှု၊      အားကစားနှင့် ကာယပညာသိပ္ပံ (ပုသိမ်)  တည်ဆောက် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


အားကစားကဏ္ဍမြှင့်တင်နိုင်ရေး


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က            နိုင်ငံတော်ရှေ့ဆက် ဆောင်ရွက်သွားမည့်    ဦးတည်ချက်များ တွင်   အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအချက်တစ်ချက်အနေဖြင့်    ထည့်သွင်း ချမှတ်ထားရှိပြီးဖြစ်ပြီး    အားကစားကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊  အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်း သည်    မိမိတို့နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းပင်ဖြစ်ပြီး      တိုင်းချစ် ပြည်ချစ်စိတ်များနှင့်      အမျိုးသားရေး စိတ်ဓာတ်များကိုလည်း နိုးကြားတက်ကြွ လာစေမည်ဖြစ်ကြောင်း၊ အားကစားသည် အမျိုးသားရေးပင်ဖြစ်သဖြင့် အလေးထား ဆောင်ရွက်ကြရမည်         ဖြစ်ကြောင်း၊ အားကစားကွင်းများကို   အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် လာရောက်ကြည့်ရှုနိုင် မည့်  ပွဲကြည့်ပရိသတ်အင်အားပမာဏကို လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ နောင်တစ်ချိန်တွင်  ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုကြည့်၍      ရေရှည် မျှော်တွေးဆောင်ရွက်ရန်နှင့်   အဆင့်မီပြီး ခေတ်နှင့်လျော်ညီသည့် စံချိန်မီအားကစား ရုံ၊ အားကစားကွင်းများဖြစ်ရန်လိုကြောင်း၊ ကားရပ်နားရန်နေရာများ၊    အရေးပေါ် အခြေအနေတွင် အဝင်၊ အထွက် လွယ်ကူ အဆင်ပြေစေမည့်  လူထွက်ပေါက်များကို လည်း ထည့်သွင်းစဉ်းစားအဆင့်မြှင့်တင် သွားရန်လိုကြောင်း၊     အားကစားနှင့် ကာယပညာသိပ္ပံ  (ပုသိမ်)  တည်ဆောက် ရာတွင်   ခွင့်ပြုပေးထားသည့်    မြေနေရာ များကို    စနစ်တကျဖြင့်    တွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ အဆောက် အဦများ       ဆောက်လုပ်ရာတွင်လည်း မြေလပ်များမရှိစေရေး  သတ်မှတ်အကွာ အဝေးနှင့်အညီ       ဖြစ်ရန်လိုကြောင်း၊ အားကစားအဆင့်အတန်း    ကောင်းမွန် အဆင့်မြင့်လာစေရေးအတွက် အားကစား ကွင်းများ၊       အားကစားရုံများသည် သတ်မှတ်ထားသည့်  အဆင့်အတန်းမီရန် လိုကြောင်း၊ ထိုသို့ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှသာလျှင်  အားကစားတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နည်းပြ များသည်လည်း အရည်အချင်း ပြည့်မီစေ ရေး     ဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်     ကိုးသိန်းအားကစား ပြိုင်ကွင်းအတွင်း  လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် နှင့်   အဖွဲ့ဝင်များသည်    ကျောက်တိုင် အားကစားကွင်းသို့  ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။


ကြည့်ရှုစစ်ဆေး


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည်  ပုသိမ်မြို့  ပွဲကြည့် စင်ပါ မိုးလုံလေလုံအဆင့်မြင့် ရေကူးကန် တည်ဆောက်နေမှု     အခြေအနေများ ကိုသွားရောက်ကြည့်ရှုစစ်ဆေးရာ အားကစား နှင့် ကာယပညာဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်က  လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို      ရှင်းလင်းတင်ပြ သည်။        ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က    ပွဲကြည့်စင် တည်ဆောက်ရာတွင် ပရိသတ်အရေအတွက် များများ  ဝင်ဆံ့နိုင်အောင်   တွက်ချက် ဆောင်ရွက်ရန်၊ ရာသီဥတုဒဏ် အထူးသဖြင့်  လေပြင်း   တိုက်ခတ်မှုဒဏ်ခံနိုင်အောင် တွက်ချက်       ဆောင်ရွက်ရန်လိုကြောင်း  မှာကြားပြီး  လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ရောက်ရှိကြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်က  ပုသိမ်မြို့ရေပေးဝေရေး လုပ်ငန်းဆိုင်ရာ     အချက်အလက်များ၊ ရေမီတာများတပ်ဆင်ထားရှိမှုနှင့်  ရေပေး ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လက်ရှိရေဖြန့်ဝေပေးနေမှုနှင့်    နွေရာသီ ရေလိုအပ်မှုများရှိချိန်တွင် မြို့ရေလိုအပ် ချက်၊   ရေအရည်အသွေးဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ    မှတ်တမ်းများ၊    ရေသန့်စင် စက်ရုံလုပ်ငန်းဆောင်ရွက်မှုများ၊  သန့်စင် ပြီးရေများအား  ပြည်သူများသုံးစွဲနိုင်ရေး ဖြန့်ဝေပေးနေမှု        အခြေအနေများကို ရှင်းလင်းတင်ပြသည်။


အသိပညာပေးဆောင်ရွက်ရန်လို


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရေကိုအကျိုးမဲ့ သုံးစွဲမှုမရှိ စေရေး   ပြည်သူများကို   အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊  ပုသိမ်မြို့သည် မိုးများသည့်    ဒေသဖြစ်သဖြင့်   မိုးရေကို စုဆောင်းသိုလှောင်၍လည်း အသုံးပြုနိုင် ကြောင်း၊ ရေသန့်စင်စက်ရုံအနီး မြစ်ကြောင်း အတွင်းသဲနုန်းတင်ခြင်းများကို    လျှော့ချ နိုင်ရန်အတွက် ကမ်းပါးများအနီး၌ သစ်ပင် များကို တတ်နိုင်သမျှ စိုက်ပျိုးထိန်းသိမ်း ရန်လိုကြောင်း မှာကြားသည်။
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည်  ရေသန့်စင်စက်ရုံ၌ ရေများအဆင့်ဆင့်  သန့်စင်ခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ    လမ်းညွှန်မှာကြား သည်။


နေ့စဉ်ရေများဖြန့်ဝေပေးလျက်ရှိ


အဆိုပါ     ပုသိမ်မြို့ရေပေးဝေရေး လုပ်ငန်းအနေဖြင့်     ငဝန်မြစ်အတွင်းမှ ရေများကို တစ်ရက်လျှင် ရေဂါလန် ၄ ဒသမ ၅  သန်း    သန့်စင်ပေးနိုင်ပြီး    ယခုအခါ ပုသိမ်မြို့အတွင်းသို့     ရေပိုက်လိုင်းများ သွယ်တန်း၍ သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။       


သတင်းစဉ်