ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

 

နေပြည်တော်  ဩဂုတ်  ၈
နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီသည်   PDF   အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်     ဆန့်ကျင်လျက် ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား    ဥပဒေ ဘောင်အတွင်းသို့       ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့       ဝင် ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ     ဆောင်ရွက်ပေး သွားမည်           ဖြစ်ကြောင်းနှင့် လက်နက်/      ခဲယမ်းများ    ဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများ  ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း    ထုတ်ပြန်ထားရှိပြီး ဖြစ်ရာ ဩဂုတ် ၇ ရက်တွင်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူ များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်း ကို ကချင်ပြည်နယ်  ပူတာအိုမြို့ရှိ ဗန္ဓုလခန်းမ၌           ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ပူတာအို       ခရိုင်/    မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဥပဒေဘောင်အတွင်း    ဝင်ရောက် လာသူများနှင့်    ၎င်းတို့၏   မိဘ အုပ်ထိန်းသူများ တက်ရောက်ကြ သည်။
ဦးစွာ နယ်မြေခံတပ်မှ တာဝန် ရှိသူတစ်ဦးက    အမှာစကားပြော ကြားပြီး     ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှု ကျူးလွန်ခြင်း         မရှိခဲ့သော ကချင်ပြည်နယ်      ပူတာအိုမြို့နှင့် နောင်မွန်မြို့တို့မှ   PDF   အဖွဲ့ဝင် အမျိုးသားငါးဦးတို့ကို  ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ  ၎င်းတို့ ၏     မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးပြီး  ထောက်ပံ့ ပစ္စည်းများ     ထောက်ပံ့ပေးအပ် သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက      ဥပဒေဘောင် အတွင်း     ဝင်ရောက်လာသူများ အား      ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်       ကူညီပံ့ပိုးမှုများ ဆောင်ရွက်         ပေးလျက်ရှိခြင်း ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်  ဆန္ဒရှိသူ များ ကျန်ရှိနေသေးကြောင်း  သိရှိ ရပြီး          ဥပဒေဘောင်အတွင်း ပြန်လည်      ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊    တပ် စခန်းများနှင့်         ရဲစခန်းများသို့ အမြန်ဆက်သွယ်    သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက်   ဆုကြေးငွေ များ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      သတင်းစဉ်