မြစ်ရေကြီးမှုအခြေအနေ

 

နေပြည်တော်    သြဂုတ်    ၈
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့  မွန်းလွဲ  ၁ နာရီခွဲ  တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေ သည်   မဒေါက်မြို့တွင်   ယင်းမြို့၏     စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေကျော်ခန့်  ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေ သည်  နောက်တစ်ရက်အတွင်း  တစ်ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့   မွန်းလွဲ  ၁ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ လေးပေခန့် ကျော်လွန်ရောက်ရှိနေသည်။    အဆိုပါမြစ်ရေသည်      နောက် တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။


သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့  မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေ သည်   မြဝတီမြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ သုံးပေ ခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်နှစ်ရက် အတွင်း   ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်   ဆက်လက်တည်ရှိနိုင် သည်။
ဘီးလင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့   မွန်းလွဲ  ၁ နာရီခွဲ   တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေ သည်    ဘီးလင်းမြို့တွင်   ယင်းမြို့၏    စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေသည်။   အဆိုပါ   မြစ်ရေသည် နောက်တစ်ရက်အတွင်း  တစ်ပေခန့်  မြင့်တက်လာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
လေးမြို့မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ  ၁  နာရီခွဲ   တိုင်းထွာချက်အရ လေးမြို့မြစ်ရေ သည်   မြောက်ဦးမြို့တွင်    ယင်းမြို့၏    စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်   ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါ   မြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍    မဒေါက်မြို့၊    ဘားအံမြို့နယ်၊   မြဝတီမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်များအတွင်းရှိ   မြစ်ကမ်း အနီးနှင့်   မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်    အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                            မိုး/ဇလ