
စစ်တွေ ဩဂုတ် ၈
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် သက်ဆိုင်ရာ မြို့နယ်များရှိ မြစ်ရေများသည် စိုးရိမ်ရေမှတ်အထက် မြင့်တက် လာခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိပြီး ထိုမြို့နယ်များရှိ ပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင် နိုင်ရန်အတွက် ပြည်နယ်သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ကျော်သူရ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး မြောက်ဦးခရိုင်နှင့် မောင်တောခရိုင်တို့မှ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ကျော်သူရက အစည်းအဝေးသို့ တက်ရောက် ကြသည့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့မြို့နယ်အလိုက် ရေကြီး ရေလျှံမှုဖြစ်ပေါ်မှုများကို အချိန်နှင့်တစ်ပြေးညီ တင်ပြ ကြစေလိုကြောင်း၊ အလားတူ ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ပစ္စည်းများ လိုအပ်မှုအခြေအနေများကို လည်း တင်ပြကြစေလိုကြောင်း၊ ကူညီကယ်ဆယ် ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင် ရွက်သွားကြစေလိုကြောင်း၊ ပြောင်းရွှေ့နေရာ ချထားမှု၊ ထိခိုက်ပျက်စီးမှုများ ရှိပါကလည်း အချိန်မီထောက်ပံ့နိုင်ရေးတို့ကို တင်ပြဆွေးနွေးပေး ကြစေလိုကြောင်းနှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြည်နယ် အတွင်း လက်ရှိဖြစ်ပေါ်နေသည့် ရာသီဥတုအခြေ အနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင် နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူ ဇော်တို့က ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်း ပေးနေမှု၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်း များ ပေးနေမှုနှင့် ထောက်ပံ့ပစ္စည်းများ ဆက်လက် ပို့ဆောင်ပေးမည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးက လိုအပ်သည့် ကူညီထောက်ပံ့မှုများ အမြန်ဆုံး ပို့ဆောင်ပေးနိုင်ရေး၊ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်မှုများနှင့် ပတ်သက်၍ အချိန် နှင့် တစ်ပြေးညီ တင်ပြနိုင်ရေး ဆွေးနွေးပြောကြားကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မြောက်ဦးခရိုင် အတွင်းရှိ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ် နှင့် မင်းပြားမြို့နယ်များတွင် ရေဘေးသင့်ပြည်သူ များအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် ဓာတ်ဆား ထုပ်များအား ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။ တင်ထွန်း(ပြန်/ဆက်)