
နေပြည်တော် ဩဂုတ် ၅
တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ကျင်းပ မည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ ဘောလုံးအမျိုးသားနှင့် အမျိုး သမီးအသင်းများ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပထမပွဲ အဖြစ် မြန်မာအမျိုးသားအသင်းက ဘင်္ဂလားဒေ့ရှ်အသင်း၊ မြန်မာ အမျိုးသမီးအသင်းက တောင် ကိုရီးယားအသင်းနှင့် စတင်ကစား ရမည်ဖြစ်သည်။
အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တို ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ် ပြီး အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယနေရာရ ၁၂ သင်း၊ တတိယ နေရာရ အသင်းများအနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၆ သင်းမှာ နောက်တစ်ဆင့်တက် ရောက်ခွင့်ရမည်ဖြစ်သည်။ အုပ်စု ပွဲများအဖြစ် မြန်မာအသင်း သည် စက်တင်ဘာ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်း၊ စက်တင် ဘာ ၂၁ ရက်တွင် တရုတ်အသင်း၊ စက်တင်ဘာ ၂၄ ရက်တွင် အိန္ဒိယ အသင်းတို့နှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ အုပ်စုမဲခွဲမှုအရ အုပ်စု (A) တွင် အိမ်ရှင်တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ အုပ်စု (B) တွင် ဗီယက်နမ်၊ ဆော်ဒီ အာရေဗျ၊ အီရန်၊ မွန်ဂိုလီးယား၊ အုပ်စု (C)တွင် ဥဇဘက်ကစ္စတန်၊ ဆီးရီးယား၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်၊ အုပ်စု (D) တွင် ဂျပန်၊ ပါလက်စတိုင်း၊ ကာတာ၊ အုပ်စု (E) တွင် တောင်ကိုရီးယား၊ ဘာရိန်း၊ ထိုင်း၊ ကူဝိတ်၊ အုပ်စု (F) တွင် မြောက်ကိုရီးယား၊ အင်ဒိုနီးရှား၊ ကာဂျစ္စ တန်၊ တရုတ်(တိုင်ပေ)အသင်းတို့ ပါဝင်နေသည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၇ သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A)တွင် အိမ်ရှင် တရုတ်၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (B) တွင် တရုတ်(တိုင်ပေ)၊ ထိုင်း၊ အိန္ဒိယ၊ အုပ်စု (C) တွင် မြောက်ကိုရီးယား၊ စင်ကာပူ၊ ကမ္ဘော ဒီးယား၊ အုပ်စု (D) တွင် ဂျပန်၊ ဗီယက်နမ်၊ နီပေါ၊ အုပ်စု (E)တွင် တောင် ကိုရီးယား၊ ဟောင်ကောင်၊ ဖိလစ်ပိုင်နှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၂၂ ရက်တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၅ ရက်တွင် ဟောင်ကောင် အသင်း၊ စက်တင်ဘာ ၂၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ် သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ - MFF