
နေပြည်တော် မတ် ၁၂
ဆူပူဆန္ဒပြသူ လူစုလူဝေးထဲတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင် ရန်ပြုအကြမ်း ဖက်လိုသော အုပ်စုများ ပါဝင်လာ သည်ကို တွေ့ရကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက် အရ ဆူပူဆန္ဒပြသူလူစုလူဝေး များ၏ ဆောင်ရွက်မှုများကို လေ့လာကြည့်ရာတွင် လူငယ်ထု အများအပြားအနေဖြင့် ဝတ်စား ဆင်ယင်မှုပုံသဏ္ဌာန်ကို ဆန်းပြား စွာဝတ်ဆင်ပြီး အများသူငါမှ မိမိပုံသဏ္ဌာန်ကို ထင်သာမြင်သာ စွာ သိရှိစေလိုသည့် ဝတ်စုံ ဦးစားပေးအုပ်စု၊ လုံခြုံရေးတပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့ဆုံရာတွင် ဆန္ဒပြရုံသက်သက် လူမှုကွန်ရက် တွင် ပါဝင်ရုံသက်သက် ရည်မှန်း ၍ ဆောင်ရွက်လိုသူအုပ်စု၊ ဆူပူဆန္ဒပြရာတွင် ဒေသန္တရ လက်လုပ်ဒိုင်းကာများ၊ ယမ်းထုပ် များ၊ မီးခိုးငွေ့ကာမျက်နှာဖုံး များ၊ မီးသတ်ဆေးဘူးများကို ကိုင်ဆောင်အသုံးပြုသော အသုံး အဆောင်ပစ္စည်း ဦးစားပေးသည့် အုပ်စုနှင့် လမ်းကြောင်းပိတ်ဆို့ရေး အတွက် တာယာကွင်းများ၊ ပီနံ အိတ်ခွံများမီးရှို့ခြင်း ရရာအတား အဆီးများ ပြုလုပ်ဆောင်ရွက်ပြီး လေးခွ၊ ဂျင်ကလိ၊ ဓား၊ လှံ၊ မှိန်း၊ ဆူး၊ တူမီးလက်လုပ်သေနတ်များ ကိုင်ဆောင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များကို ထိပ်တိုက်ရင်ဆိုင်ကာ ရန်ပြုအကြမ်းဖက်လိုသော အုပ်စု ဟူ၍ ကွဲပြားစွာဆောင်ရွက်နေ ကြသည်ကို တွေ့ရှိရကြောင်း။
သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံစဉ် ဖြေလျှော့၍ လူစုခွဲရန် မေတ္တာရပ်ခံချိန်တွင် အထက်ဖော်ပြပါ အုပ်စုများ အနက်မှ ရန်ပြုအကြမ်းဖက်လိုသူ အုပ်စုအနေဖြင့်သာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို နည်းမျိုးစုံဖြင့် ထိပ်တိုက်ရင်ဆိုင်လာကြ၍ လုံခြုံ ရေးတပ်ဖွဲ့၏ မလွှဲမရှောင်သာ လူစုလူဝေးဖြိုခွဲမှု၊ ထိခိုက်ဒဏ်ရာရရှိသေဆုံးမှုများကို ကြုံတွေ့နေရ ကြောင်း။
မတ် ၁၂ ရက်တွင် ဆူပူဆန္ဒပြ သူ လူစုလူဝေး ဆောင်ရွက်ခဲ့မှု အနေဖြင့် နေပြည်တော်တွင် ပျဉ်းမနားမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် မြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ မှော်ဘီ၊ သန်လျင်နှင့် တွံတေးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် ချမ်းမြသာစည်၊ အမရပူရ၊ မိုးကုတ် နှင့် နွားထိုးကြီးမြို့နယ်၊ မကွေး တိုင်းဒေသကြီးတွင် မကွေးမြို့ နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့၊ ဧရာဝတီတိုင်းဒေသကြီး တွင် ဟင်္သာတမြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ထားဝယ်နှင့် ကျွန်းစုမြို့နယ်၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ကယား ပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ ရှမ်းပြည်နယ်တွင် သီပေါ၊ ကွတ်ခိုင်နှင့် ဖယ်ခုံမြို့နယ် အစ ရှိသော နေရာဒေသများတွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ ဖြိုခွဲ ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ရ ပြီး အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၇၅ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းရကြောင်း။
ဆူပူဆန္ဒပြသူ လူစုလူဝေးများ အနေဖြင့် လူမှုကွန်ရက်မှ တစ်ဆင့် သွေးထိုးလှုံ့ဆော်ခြင်း၊ ကြွေးကြော်သံအမျိုးမျိုး သတ်မှတ် ပေးခြင်း၊ တော်လှန်ရေးခေါင်းစဉ် အမျိုးမျိုးတပ်၍ လှုံ့ဆော်ခြင်း၊ လူစုလူဝေးများ ပြုလုပ်ရန် လျာထားရက်နှင့် အချိန်များကို သတ်မှတ်ပေးပြီး မိမိနယ်မြေ အလိုက် NLD ပါတီ၏ နောက် ကွယ်မှ ကြိုးကိုင်စေခိုင်းမှုဖြင့်သာ နေ့စဉ်လှုပ်ရှား ဆောင်ရွက်နေ သည့် အခြေအနေဖြစ်ပြီး လက်ရှိ အချိန်တွင် ထင်သလိုလှုပ်ရှားနိုင်မှု မရှိဘဲ အခွင့်မသာသည့် အခြေ အနေသို့ ရောက်ရှိနေကာ လူစု လူဝေးများ ပိုမိုဖြစ်ပွားအောင် လူမှုကွန်ရက်မှတစ်ဆင့် ထပ်မံ သွေးထိုးတွန်းအားပေး လှုံ့ဆော်မှု များနှင့် ကောလာဟလသတင်း အမှားများ တိုးမြှင့်ဆောင်ရွက် လာနေသည်ကို တွေ့ရှိရ ကြောင်း သိရသည်။
သတင်းစဉ်