
နေပြည်တော် မတ် ၁၂
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အအုံ၌ ပြုလုပ်နေသည့် လူ့အခွင့် အရေးကောင်စီ၏ (၄၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးခြင်းနှင့် ၂၀၂၁ ခုနှစ် မတ် ၁၂ ရက်တွင် မြန်မာ နိုင်ငံတွင် ကုလသမဂ္ဂ၏ပါဝင်မှု အခန်းကဏ္ဍဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအပေါ် နှုတ်ဖြင့် တင်ပြချက်အပေါ် အထွေထွေဆွေးနွေးခြင်းအား ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးမှုများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သူငြိမ်း တို့က ဗီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ပြီး ဂျီနီဗာမြို့ရှိ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အွန်လိုင်းမှတစ်ဆင့် ပါဝင် တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ရာတွင် အားလုံးပါဝင်ခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်းနှင့် ရွေးချယ်မှုမရှိခြင်း စသည့် မူများနှင့် ကိုက်ညီမှုမရှိသည့် နိုင်ငံတစ်နိုင်ငံ အပေါ်
မျှတမှုမရှိဘဲ ဦးတည်အရေးယူသည့် လုပ်ပိုင်ခွင့်များကို အစဉ်တစိုက် ဆန့်ကျင်ခဲ့ကြောင်း၊ သို့သော် မြန်မာ အစိုးရအဆက်ဆက်အနေဖြင့် အထူး အစီရင်ခံစာ တင်သွင်းသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏ အဆိုပြု ခရီးစဉ်များကို လက်ခံစီစဉ်ပေးခဲ့ ကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက် ခဲ့သော်လည်း ယခင်အထူးအစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Lee အနေ ဖြင့် ၎င်းလိုက်နာရမည့် code of con-duct ကို လိုက်နာမှုမရှိခြင်းကြောင့် ၎င်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့ပြင် တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖေဖော်ဝါရီ ၁ ရက်နေ့က တာဝန်ယူခဲ့ ကြောင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှချမှတ်ထားသည့် မူဝါဒများ နှင့် အရေးပေါ်အခြေအနေ ကြေညာ ထားသည့် ကာလအတွင်း ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၅ ရပ် တို့ကို ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီပြီး မြန်မာ ပြည်သူများ လိုလားသည့် ဒီမိုကရေစီ စနစ်ကို ထိန်းသိမ်းကာ ဒီမိုကရေစီ ပြောင်းလဲရေးကို ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် တည်ဆဲဥပဒေများ၊ အမျိုးသားရေး ဦးစားပေးများနှင့် လိုအပ်ချက်များနှင့် အညီ သက်ဆိုင်ရာ ကုလသမဂ္ဂယန္တရား များနှင့် အပြုသဘော ပူးပေါင်း ဆောင်ရွက်မှုများနှင့် ထိတွေ့မှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ နားလည်မှုနှင့် အပြု သဘောထိတွေ့မှုများသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စနစ်တကျ တိုးတက်မှု အတွက် များစွာအထောက်အကူပြုလိမ့် မည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ပါဝင် မှု အခန်းကဏ္ဍဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီ ရင်ခံစာအပေါ် အထွေထွေဆွေးနွေးမှု တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် မြန်မာ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း၊ သက်ဆိုင်သည့် ကုလသမဂ္ဂအေဂျင်စီများနှင့် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်အဖွဲ့တို့နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကုလသမဂ္ဂဌာနေကိုယ်စား လှယ်အဖွဲ့၏ အဓိကအခန်းကဏ္ဍမှာ အိမ်ရှင်နိုင်ငံ၏ ရည်မှန်းချက်များနှင့် ဦးစားပေးများနှင့်အညီ ထိရောက်သော ပေါင်းစည်းမှုများအတွက် အရေးယူ ဆောင်ရွက်မှုများကို ဆောင်ရွက်ရန်နှင့် အိမ်ရှင်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးရန်ဖြစ်ကြောင်း၊ ညှိနှိုင်း ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြင့် အိမ်ရှင်နိုင်ငံနှင့် ကုလသမဂ္ဂ အေဂျင်စီများအကြား အပြန်အလှန် ယုံကြည်မှုကို တည်ထောင်နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်