မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်း

ရန်ကုန်  ဩဂုတ်  ၃ 


အားကစားနှင့် ကာယပညာဦးစီးဌာန    မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းခြင်းနှင့် အမှု‌ဆောင်များ‌ တွေ့ဆုံ‌ဆွေးနွေးပွဲကို ယ‌နေ့နံနက်က  သင်္ဃန်းကျွန်းမြို့နယ်   သုဝဏ္ဏအားကစားပြိုင်ကွင်း  မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်  အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။ 


ဦးစွာ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က အမှာစကားပြောကြားသည်။ထို့နောက် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်မြတ်၊ အတွင်းရေးမှူးဦးဇော်လင်း၊ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းဇော် ထွန်းလင်းတို့က   မိတ်ဆက်စကား   ပြောကြားသည်။  ဆက်လက်၍  အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊  ဖိတ်ကြားသော ဧည့်သည်တော်များက   ပိုက်ကျော်ခြင်းအားကစားတိုးတက်ရေးအတွက်  အကြံပြု‌ဆွေးနွေးသည်။                   

အာကာစိုး