
နေပြည်တော် ဩဂုတ် ၂
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်ကုန်းတွင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အိန္ဒိယ နိုင်ငံ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော်ပြီးနောက် မုန်းတိုင်ငယ်အဖြစ် သို့ လည်းကောင်း၊ နောက်နာရီ ၃၀ အတွင်း လေဖိအားနည်းရပ်ဝန်း အဖြစ်သို့လည်းကောင်း တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်း ရပါသည်။
မိုး/ဇလ