အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ စားပွဲတင်လေ့ကျင့်ခန်း(Table Top Exercise) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော်    ဩဂုတ်   ၂


မြန်မာနိုင်ငံနှင့်    ရုရှားနိုင်ငံတို့က   ပူးတွဲဥက္ကဋ္ဌ အဖြစ်    တာဝန်ယူဆောင်ရွက်နေသည့်    အာဆီယံ အပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက် ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင်  နေပြည်တော်ရှိ  Park Royal  ဟိုတယ်၌ ကျင်းပပြုလုပ်သည်။


ဖွင့်ပွဲအခမ်းအနားသို့      ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး  မောင်မောင်အေး တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် တံဆိပ်အား  Touch Screen  နှိပ်၍  ဖွင့်လှစ်ပေးကာ အဖွင့်မိန့်ခွန်းပြောကြားသည်။


ဖွင့်ပွဲအခမ်းအနားအပြီးတွင်  ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် စားပွဲတင်လေ့ကျင့်ခန်းသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများ၊      ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များသည်    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး  မြန်မာ - ရုရှား  ပူးတွဲဥက္ကဋ္ဌများ ဦးဆောင်ကာ      လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြသည်။


အာဆီယံအပေါင်း     အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ    စားပွဲတင်     လေ့ကျင့်ခန်း (Table Top Exercise)သို့ အာဆီယံအပေါင်းနိုင်ငံ ၁၂   နိုင်ငံမှ    တပ်မတော်အရာရှိကြီးများ   ပါဝင် တက်ရောက်လျက်ရှိသည်။


မြန်မာနိုင်ငံနှင့်     ရုရှားနိုင်ငံတို့သည် အာဆီယံအပေါင်း   အကြမ်းဖက်မှု   တန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ ၏ တပ်ဖွဲ့ဝင်များအကြား ထိတွေ့ဆက်ဆံမှု၊ နားလည်မှု၊ ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်း    အကြမ်းဖက်မှု   တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ကြွ စွာ ဆောင်ရွက်လျက်ရှိသည်။


 ညနေပိုင်းတွင်        ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေးသည် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ    ကျွမ်းကျင် လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ    ပူးပေါင်းစားပွဲတင်   လေ့ကျင့်ခန်း (Table Top Exercise)သို့ တက်ရောက်လာ သည့် ရုရှားတပ်မတော် အရှေ့ပိုင်းစစ်ဒေသမှ ဒုတိယအကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Mikhail NOSULEV ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်  နှစ်နိုင်ငံ  တပ်မတော်နှစ်ရပ် အကြား    ချစ်ကြည်ရင်းနှီးမှုနှင့်    ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ တက်ရောက် ကြပြီး ရုရှားတပ်မတော် အရှေ့ပိုင်းစစ်ဒေသမှ ဒုတိယအကြီးအကဲနှင့်အတူ     မြန်မာနိုင်ငံ ဆိုင်ရာ  ရုရှားစစ်သံမှူး  (ကြည်း၊ ရေ၊ လေ) Colonel SurgEY S. kurchenko နှင့် ရုရှား တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။          

သတင်းစဉ်