တရုတ်-မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍအတွက် တိုးမြှင့်လုပ်ဆောင်သွားမည်

 

ရန်ကုန်  ဩဂုတ်   ၁ 


ကိုဗစ်အလွန်ကာလတွင် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး    အလားအလာ ကောင်းများစွာရှိကြောင်း မြန်မာ နိုင်ငံဆိုင်ရာ           တရုတ်သံရုံး သံမှူးကြီး    Ms.Cao    Jingက ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန် မြို့ အလုံမြို့နယ်  မင်းရဲ‌ကျော်စွာ လမ်း တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပပြုလုပ်သည့်    မင်္ဂလာ အဖြာဖြာဆုံဆည်းရာ  လက်ဖက် ရည်ကြမ်း    အနုပညာမိတ်ဆက် ပွဲနှင့်       တရုတ်ခရီးသွားလုပ်ငန်း မြှင့်တင်ရေး      အခမ်းအနားတွင် ပြောကြားသည်။


တရုတ်ရိုးရာ     လက်ဖက် ရည်ကြမ်းပညာနှင့် သက်ဆိုင်ရာ ထုံးတမ်းဓလေ့များသည်      ကုလ သမဂ္ဂပညာရေး၊            သိပ္ပံနှင့်   ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏  လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်  ကိုယ်စားပြုစာရင်း ဝင်ဖြစ်ပြီး လက်ဖက်ရည်ကြမ်းကို  အခြေပြုကာ      တရုတ်နိုင်ငံနှင့် နိုင်ငံတကာအကြား ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ စီးပွားရေးအစ ရှိတဲ့    ကဏ္ဍတွေရဲ့များ     ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ  တိုးမြှင့် လုပ်ဆောင်      သွားနိုင်မည်ဟု ယုံကြည်ကြောင်း သံမှူးကြီးက ဆက်လက်ပြောသည်။


မြန်မာနိုင်ငံနှင့်အတူ လက်တွဲ ပြီး        နှစ်နိုင်ငံခရီးသွားလုပ်ငန်း၊ နှစ်နိုင်ငံ      ပြည်သူများအကြား အပြန်အလှန်       နားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုများကို    တိုးမြှင့် ဆောင်ရွက်သွားရန်         ဆန္ဒရှိ ကြောင်း ပြောကြားသည်။


အဆိုပါ       မိတ်ဆက်ပွဲကို တရုတ်ပြည်သူ့          သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး က ကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံ ဆိုင်ရာ   တရုတ်သံရုံးနှင့်   ယူနန် ပြည်နယ်    ယဉ်ကျေးမှုနှင့် ခရီး သွားလာရေးဦးစီးဌာနမှ  တာဝန် ရှိသူများ၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)      မှ    ပါမောက္ခချုပ်နှင့်   ဖိတ်ကြား ထားသော    ဧည့်သည်‌တော်များ     တက်‌ရောက်ခဲ့ကြ‌ကြောင်း  သိရ သည်။  

အာကာလင်း