
ပေါင် ဇူလိုင် ၂၉
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ များ စီးဆင်းမှုကြောင့် ပေါင်မြို့ပေါ်ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန် ကားလမ်း၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ကားလမ်းရေကျော်ပြီး မြို့ပေါ် ရပ်ကွက်များ၏ လူနေအိမ်များသို့ ရေသုံးပေခန့် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ရေဝင်နေသော နေရာများသို့ ပေါင်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်း အောင်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ လူမှုကူညီရေးအသင်းအဖွဲ့ များပူးပေါင်းကာ မော်တော်ယာဉ် များ၊ ဆိုင်ကယ်များ ဖြတ်သန်း မောင်းနှင်မှုနှင့် လူနေအိမ်များသို့ရေဝင်ရောက်နေမှုကို ပစ္စည်းများ သိမ်းဆည်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ရေ ဆက်လက်မြင့်တက်လာ ပါက ဘေးအန္တရာယ်ကင်းရှင်း စေရန် ယာဉ်များ ဖြတ်သန်း သွားလာမှုကို ခေတ္တဆိုင်းငံ့သွား မည်ဖြစ်သည်။ အလားတူ ဇင်းကျိုက်မြို့နှင့် ဖလပ်ကျေးရွာ၊ မုတ္တမကျေးရွာရှိ ဝါရီရူတွင်လည်း ရေများ မြင့်တက်လျက်ရှိသည်။
ထို့ပြင် ပေါင်မြို့နယ် ကျွဲခြံ ကျေးရွာအထွက် စည်ပင်ဂိတ် အနီးတွင် မြေသားပျော့ကျမှု အနည်းငယ်ရှိသဖြင့် အနီးပတ်ဝန်း ကျင်ရှိ နေအိမ်များအား ကြိုတင် ရွှေ့ပြောင်းထားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က အခြေအနေ စောင့်ကြည့်လျက်ရှိကြောင်း သိရ သည်။
မွန်မလေး (ပြန်/ဆက်)