
နေပြည်တော် မတ် ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှုအစီအစဉ်အရ ဆောက်လုပ် ရေးကဏ္ဍမှတစ်ဆင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ဝင်ငွေနည်းပြည်သူများ၏ နေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ “ ပြည်သူ့ အငှားအိမ်ရာ အခန်း (၁၀၀၀၀) တည်ဆောက်ရေး စီမံကိန်း ” ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ဆောင်၌ ကိုဗစ်- ၁၉ ကာကွယ်ရေးညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။
တက်ရောက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့အငှား အိမ်ရာတည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းထိန် ၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူး ချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးဝင်းတင့်နှင့် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမျိုးအောင်၊ သက်ဆိုင် ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာ များအသင်းချုပ် (MLAC)နှင့် မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်း ချုပ် (MDA)တို့မှ တာဝန်ရှိသူများသည် Virtual Meeting ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး စီမံကိန်းဦးစီးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက “ ပြည်သူ့အငှားအိမ်ရာအခန်း(၁၀၀၀၀)တည်ဆောက် ရေးစီမံကိန်း” ကို ဆောင်ရွက်ရန် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဝန်ကြီးဌာနမှ စတင် အဆိုပြုဆွေးနွေး ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် စီမံကိန်းဆောင်ရွက် ရန် အတည်ပြုချက် ရရှိပါကြောင်း၊ ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာလိုအပ်ချက်များ ပြီး အိမ်ငှားခဈေးနှုန်း ကြီးမြင့်သည့်အတွက် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်အသင်းအဖွဲ့များမှ ပထမငွေကြေးအရင်းအနှီးစိုက်၍ တည်ဆောက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် နှစ်စဉ်ရရှိ ဘဏ္ဍာရန်ပုံငွေ တစ်ရပ်ရပ်မှ ပြန်လည်ပေးချေသည့် စနစ်ဖြင့် အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း။
အသစ်ပြန်လည်ဖွဲ့စည်းထား
စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရန် ဒေသအလိုက် လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်း ဖြေရှင်းပေးခြင်း၊ အခြေခံအဆောက်အဦ လိုအပ်ချက်၊ ဘဏ္ဍာငွေပံ့ပိုးပေးရေး၊ လုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနိုင်ရေးအတွက် နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ယခုစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုပေး ထားပြီး ဖေဖော်ဝါရီ ၂၅ ရက်စွဲဖြင့် “ ပြည်သူ့အငှား အိမ်ရာတည်ဆောက်ရေးစီမံကိန်းဦးစီးကော်မတီ” ကို အသစ်ပြန်လည်ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဦးစီး ကော်မတီအဖွဲ့ဝင်အသစ်များအား စီမံကိန်း ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရန်နှင့် အခန်း (၁၀၀၀၀)စီမံကိန်းကို တစ်ပြိုင်တည်း ဆောင်ရွက် ရန်လျာထားခဲ့သော်လည်း ယခုအခါ ပထမအဆင့် Phase ( 1 ) အဖြစ် အခန်း ၅၀၀၈ ကို ပြီးစီးအောင် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း ၊ Phase ( 2 )အဖြစ် ကျန်ရှိသည့် အခန်း ၄၉၉၂ ကို ဆက်လက်အကောင် အထည်ဖော်သွားရန်၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို သိရှိရန် ပုဂ္ဂလိကလုပ်ငန်းရှင်အသင်းအဖွဲ့များမှ တာဝန်ရှိသူ များနှင့် ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်း ဖြစ်ပါ ကြောင်း။
စီမံကိန်းအတွက် ထပ်မံလိုအပ်သည့် ဘဏ္ဍာငွေ များကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထား ဆောင်ရွက်ပေးရန်စီစဉ်လျက်ရှိပြီး နေပြည် တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီတို့မှလည်း အခြေခံအဆောက်အအုံများ ( ရေ / မီး / လမ်း ) တို့အတွက် ရန်ပုံငွေလိုအပ်ချက်၊ လုပ်ငန်းလိုအပ်ချက်များကို ကူညီပံ့ပိုးဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ စီမံကိန်း၏ မူလရည်မှန်း ချက်ဖြစ်သည့် ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးနှင့် ငွေကြေးစီးဆင်းလည်ပတ်မှုကို အထောက်အကူ ဖြစ်စေရေးကိုဦးတည်၍ စီမံကိန်းလိုအပ်ချက်များ အပေါ် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အတွင်းရေးမှူး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်က နေပြည် တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တည် ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF)၊ မြန်မာ နိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA)နှင့် မြန်မာ မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန် ရှိသူများက ပြည်သူ့အငှား အိမ်ရာအခန်း (၁၀၀၀၀)တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ လုပ်ငန်းပိုင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီ ဒေါ်သန်းသန်းလင်းက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲရေးဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ ၂၀၁၇ နှင့်အညီ စနစ်တကျ လိုက်နာ ဆောင်ရွက်ရေး၊ လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ အတည်ပြု ရန်အချက်များနှင့် ဆုံးဖြတ်ရန်အချက်များ ချမှတ် ခြင်းများနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြ သည်။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူ များက ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ဦးစီးကော်မတီအသစ် ဖွဲ့စည်းပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်း (၁၀၀၀၀)ဆောက်လုပ်မည့် စီမံကိန်းကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်တွင် အိမ်ရာအခန်းပေါင်း(၇၀၄) ခန်း အဆောက်အဦလုံးရေ(၄၄)လုံး၊ ရန်ကုန်မြို့ ဒဂုံတောင် မြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၆၂၈၈) ခန်း အဆောက်အဦလုံးရေ (၃၉၃)လုံးနှင့် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၃၀၀၈)ခန်း အဆောက်အဦ (၁၈၈ )လုံးကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့် အိမ်ခန်း (၅၀၀၈) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွင်း ပြီးစီးအောင် ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်