ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် မတ် ၁၂ တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများကို COVID -19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ ကွတ်ခိုင် မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မိုင်းရယ်မြို့နယ်၊ မန်တုံ မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချို မြို့နယ်၊ ကျောက်မဲမြို့နယ်၊ ဟိုပန်မြို့နယ်၊ မိုးမိတ် မြို့နှင့် မဘိမ်းမြို့များရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ် နေရာအသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ဟိုပုံးမြို့နယ်၊ ရပ်စောက် မြို့နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျိုင်းတောင်းမြို့၊ မိုင်းကိုင်မြို့၊ ကွန်ဟိန်းမြို့၊ ကာလိမြို့၊ မိုင်းရှူးမြို့၊ လင်းခေးမြို့၊ မောက်မယ်မြို့၊ မိုးနဲမြို့နှင့် နမ့်စန် မြို့များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဆတ် မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပျဉ်း မြို့နယ်နှင့် မက်မန်းမြို့နယ်များရှိ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့များရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နှင့် ချမ်းမြသာစည်မြို့ နယ်တို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အုတ်ဖို မြို့၊လက်ပံတန်းမြို့၊ မင်းလှမြို့၊ မိုးညိုမြို့၊ ကြို့ပင်ကောက်မြို့၊ ဇီးကုန်း မြို့၊ နတ်တလင်းမြို့၊ သာယာဝတီမြို့နှင့် ပန်းတောင်းမြို့များအတွင်း ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သောဆေးအဖွဲ့များက CDM တွင်ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအား ဖူးမြော်ကြည်ညို ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်