
နေပြည်တော် မတ် ၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည် မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်း တိုက်နယ်ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော် တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် ရွေကျင်မြို့နယ်၊ ဒုံဇရစ် ကျေးရွာ တိုက်နယ်ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံ မှ ဆရာဝန်များနှင့် သူနာပြုများ လာရောက် ကုသပေးနိုင်ပါရန် အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ် များအလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင် သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါ ဝေဒနာခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါဆေးရုံများ၌ တပ်မတော် ဆေးကုသ ရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာ အိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း များ ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာန ချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသ ပေးထားမှုအခြေအနေများ၊ ကျန်းမာရေး တိုးတက် ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုသို့ ကျန်းမာရေးစောင့် ရှောက်ပေးမှုအပေါ် ဒေသခံပြည်သူများ အနေဖြင့် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်