ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် မတ် ၇ တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား COVID -19 ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်မှ မဟာနာယကဆရာတော်များ၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူး၊ ကထိက ဆရာတော်များ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းမှ စာချ၊ စာသင်ဆရာတော်များ အမှူးပြု သော သံဃာတော်များ စုစုပေါင်း ၁၄၂ ပါး တို့ကို အဆိုပါ ကျောင်းတိုက်များအသီးသီး၌ တိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များက ကျန်းမာရေး စစ်ဆေးပေးပြီး COVID-19 ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး သည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်