
နေပြည်တော် မတ် ၆
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID - 19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁ဝ)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။
ထိုသို့ Quarantine ထားရှိ သည့် ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူ ၉ဝ ကို ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်ဆေးရုံမှ ဆရာဝန် များ၊ ပါရဂူများ၊ ဆေးမှူးများ နှင့် သူနာပြုများက မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်