ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများကသွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး

နေပြည်တော် မတ် ၆ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်း မြို့နယ် တကောင်း တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ပြည်သူ့ဆေးရုံနှင့် ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသ ပေးနိုင်ပါရန် အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေး အဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူ များကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဆေးရုံများ၌ တပ်မတော်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်မြို့ ပြည်သူ့ ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြု များသည် ၎င်းတို့၏ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ခြင်း မရှိဘဲ တာဝန်များ ပျက်ကွက် လျက်ရှိပြီး ဆေးရုံ၌ အထက်တန်း သူနာပြုတစ်ဦး၊ ကျန်းမာရေး ဝန်ထမ်း ရှစ်ဦးတို့ဖြင့် ဒေသခံ ပြည်သူများကို ဆေးထည့်ပေး ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း တို့သာ ဆောင်ရွက်ပေးနိုင်သဖြင့် ဆေးကုသရန် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသောကြောင့် ဒေသခံပြည်သူများက အနောက် မြောက်တိုင်း စစ်ဌာနချုပ်သို့ အကူအညီ တောင်းခံလာသည့် အတွက် ယနေ့တွင် တိုင်းစစ် ဌာနချုပ် နယ်မြေခံတပ်မှ တပ်မတော်သား ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေး အဖွဲ့အား အဆိုပါဆေးရုံသို့ စေလွှတ်ခဲ့ရာ ဒေသခံပြည်သူ များက ကြိုဆိုခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှု များကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံ ပြည်သူများအား ဆေးကုသပေးမှု နှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်ကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးမှုအပေါ် ဒေသခံ ပြည်သူများအနေဖြင့် အထူးပင် ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်