
နေပြည်တော် ဇွန် ၆
၂၀၂၃ ခုနှစ် မေ ၃၀ ရက်ညနေပိုင်း တွင် သရုပ်ဆောင်၊ အဆိုတော် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော် သည် ၎င်းနေထိုင်သည့် ရန်ကင်း မြို့နယ် အမှတ်(၂) ရပ်ကွက် ရန်အောင်လမ်း တိုက်အမှတ် (က/၂၆၅)၊ တိုက်ခန်းအမှတ်(၇)ရှေ့၌ (စိစစ်ဆဲ) အကြမ်းဖက်သမား တစ်ဦးက ပစ္စတိုဖြင့် ရက်စက်စွာ အကြောင်းမဲ့ ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဖမ်းဆီးရမိ
သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒေါ်လီလီနိုင်စိုး(ခ)လီလီ နိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ခဲ့ သည့် တရားခံအား ဖမ်းဆီးရမိရေး အတွက် ဖြစ်စဉ်ဖြစ်ပွားရာ နေရာ ဝန်းကျင်တွင် စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်၍ အကြမ်း ဖက်သမားများအား ရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရား မျှတမှုကိုလိုလားပြီး အကြမ်းဖက် မှုကိုမလိုလားသည့် ပြည်သူများ၏ မျက်မြင် သတင်းပေးပို့ချက်များ နှင့် မြေပြင်သတင်းစုံစမ်းရရှိချက် များအရ ဇွန် ၄ ရက် နံနက်ပိုင်း တွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် တစ်ခု၌ ဒေါ်လီလီနိုင်စိုး (ခ) လီလီ နိုင်ကျော် အား လုပ်ကြံသတ်ဖြတ် ခဲ့သည့် တရားခံ ကောင်းဇာနည် ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီ တို့ နှစ်ဦးအား ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ကောင်းဇာနည် ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ နှစ်ဦးသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် KNLA တပ်မဟာ(၁) လှုပ်ရှားနယ်မြေ၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တစ်လ တက်ရောက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လတွင် Special Test Force - STF အမည်ခံအကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ကာ ကော့ကရိတ် မြို့နယ် ဘော်ဒိုင်းကျေးရွာအနီး၌ STF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဖွင့်လှစ်သည့် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းသို့ တစ်လ ထပ်မံ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖော်ထုတ်သိရှိ
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ STF အမည်ခံ အကြမ်းဖက်အဖွဲ့အား ရန်ကုန်မြို့ အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူ များအား လုပ်ကြံသတ်ဖြတ်ရန် အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တွင် တရားခံပြေး ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့ ခေါင်းဆောင်၍ KNLA တပ်မဟာ(၆)လှုပ်ရှားနယ် မြေ ကော့ကရိတ်မြို့နယ် ဘော်ဒိုင်းကျေးရွာအနီးရှိ STF စခန်းတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် STF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များ ခိုအောင်း နေထိုင်လျက်ရှိသည့် ဘော်ဒိုင်းကျေးရွာအနီးရှိ စခန်း အား တပ်မတော်စစ်ကြောင်းများ က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် မှုကြောင့် ကော့ကရိတ်မြို့နယ် အတွင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ ရကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် တရားခံပြေး ဒီငြိမ်းလင်း က STF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၂၆ ဦးကို အဖွဲ့များခွဲကာ အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ စေလွှတ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ တရားခံ ကောင်းဇာနည်ဟိန်း(ခ)လပြည့် နှင့် ကျော်သူရ (ခ) အီးတီတို့ နှစ်ဦးသည် ကော့ကရိတ်မြို့နယ် အတွင်းမှ ရန်ကုန်မြို့သို့ ပြန်လာ ခဲ့ပြီး ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် တစ်ခုတွင် တစ်လလျှင် ကျပ်တစ်သိန်းဖြင့် အခန်းငှား နေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် တရားခံ ကောင်း ဇာနည်ဟိန်း (ခ) လပြည့် သည် ဘုရင့်နောင် ကုန်စည်ပွဲရုံဝင်း အတွင်းရှိ ကားဝပ်ရှော့တစ်ခု၌ လည်းကောင်း၊ ကျော်သူရ (ခ)အီးတီသည် မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းကြီး ရပ်ကွက်ရှိ လေထိုးကျွတ်ဖာဆိုင် တစ်ခု၌ လည်းကောင်း ကြုံရာကျပန်း ဝင်ရောက် လုပ်ကိုင်၍ တရားခံ ပြေး ဒီငြိမ်းလင်း က ခိုင်းစေမည့် အကြမ်းဖက်လုပ်ငန်းများ ဆောင် ရွက်ရန် စောင့်ဆိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ နေထိုင်စဉ် ကာလ အတွင်း STF အမည်ခံအကြမ်းဖက် အဖွဲ့မှ တရားခံပြေး ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော် နှင့် နွေနွေ တို့ လေးဦးသည် ရန်ကုန်မြို့အတွင်း ရောက်ရှိနေသော STF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များအား Telegram မှတစ်ဆင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
တရားခံ ကောင်းဇာနည် ဟိန်း(ခ)လပြည့်၏ ထွက်ဆိုချက် အရ တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ်က ၂၀၂၃ ခုနှစ် မေ ၂၅ ရက်တွင် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်၏ ဓာတ်ပုံနှင့် အချက်အလက်များအားTelegram မှတစ်ဆင့်ပေးပို့၍ လုပ်ကြံ သတ်ဖြတ်ရန် ခိုင်းစေခဲ့ပြီး မေ ၂၈ ရက်တွင် SigSauer ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၎င်းကျည်အတောင့် ၂၀ တို့အား တရားခံပြေး ဟေဇယ်က ပေးပို့ ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ကောင်းဇာနည် ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ)အီးတီတို့သည် ဒေါ်လီလီနိုင်စိုး(ခ) လီလီနိုင်ကျော်အား လုပ်ကြံ သတ်ဖြတ်ရန်အတွက် ၎င်းနေထိုင် သည့် တိုက်ခန်းအနီးသို့ နေ့စဉ် သွားရောက်၍ အခြေအနေ စောင့်ကြည့်ခဲ့ပြီး မေ ၃၀ ရက် ညနေပိုင်းတွင် ကောင်းဇာနည် ဟိန်း (ခ)လပြည့် သည် ဒေါ်လီလီ နိုင်စိုး (ခ) လီလီနိုင်ကျော် အား ၎င်း၏ နေအိမ်ရှေ့၌ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
လုပ်ကြံ သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများအား မေ ၃၁ ရက်တွင် တရားခံပြေး ယသော်၏ စီစဉ်ပေး မှုဖြင့် STF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်တစ်ဦးထံသို့ ပြန်လည် ပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လီလီ နိုင်စိုး (ခ) လီလီနိုင်ကျော် အား လုပ်ကြံ သတ်ဖြတ်ရန်အတွက် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့က ငွေကျပ် သုံးသိန်း အား Wave Pay မှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
သတင်းပေးတိုင်ကြားနိုင်
အထက်ပါ ဖမ်းဆီးရမိတရားခံ အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ များ ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း သိရ သည်။
သတင်းစဉ်