
နေပြည်တော် မတ် ၄
တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ သီတင်းသုံးတော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆက်ကပ်သည့် ဆွမ်းဆန်တော်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် တပ်ကုန်းမြို့၊ မဟာဇနကကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒ ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော ဆရာတော်ကြီး များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ငါးပါးသီလ ခံယူဆောက်တည်
ဆွမ်းဆန်တော် လှူဒါန်းပွဲ အခမ်းအနားတွင် တပ်ကုန်းမြို့၊ မဟာသီဟနာဒ ပရိယတ္တိစာသင် တိုက် ပဓာနနာယက ဘဒ္ဒန္တ အာစိဏ္ဏ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှ သုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
သာသနာရေးဆိုင်ရာများ လျှောက်ထား
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သာသနာရေးဆိုင်ရာ များ လျှောက်ထားရာတွင် ဆရာတော်၊ သံဃာတော်များ ဆွမ်းဆန်တော် ကြောင့်ကြမှုမရှိ စေရေး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပျဉ်းမနားမြို့နယ် နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းပေါင်း ၁၆ ကျောင်းနှင့် သီလရှင်ကျောင်း ခုနစ်ကျောင်းတွင် သီတင်းသုံး လျက်ရှိသည့် ရဟန်း၊ သာမဏေ ၁၀၁၅ ပါး၊ သီလရှင် ၃၈၂ ပါးတို့ အတွက် ဆွမ်းဆန်တော်အိတ် ၂၁၄ အိတ်ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် မတ် ၂ ရက်တွင် လယ်ဝေးမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းပေါင်း ၉ ကျောင်းနှင့် သီလရှင်ကျောင်း ၄ ကျောင်းတွင် သီတင်းသုံးလျက် ရှိသည့် ရဟန်း၊ သာမဏေ ၅၀၂ ပါး၊ သီလရှင် ၅၁၇ ပါးတို့အတွက် ဆွမ်းဆန်တော်အိတ် ၁၄၅ အိတ် ကို လည်းကောင်း ဆက်ကပ် လှူဒါန်းခဲ့ပါကြောင်း။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘုရားစေတီ ပုထိုးများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ဖူးမြော်ခွင့်ရရှိ အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့ ဝန်ဆောင် အရှင်သူမြတ်တို့က သင်ယူပို့ချ ဟောပြောကျင့်ကြံ ထမ်းဆောင်၍ တရားတော်ဖြင့် ချီးမြှောက်ခြင်း ဓမ္မာနုဂ္ဂဟဖြင့် စွမ်းစွမ်းတမံ အားသွန်ကြိုးပမ်း တော်မူကြပြီး နိုင်ငံတော်အစိုးရ နှင့် အလှူရှင် ပြည်သူတို့ကလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး-ပစ္စည်း လေးပါးတို့ဖြင့် အားပေး ထောက်ပံ့လှူဒါန်းခြင်း ပစ္စယာ နုဂ္ဂဟဖြင့် တက်ညီလက်ညီ ပံ့ပိုး လှူဒါန်းကြခြင်းဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး ဆက်လက် တည်တံ့ ထွန်းလင်းဝေစည် နေဦးမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ ဆည်းပူးအားထုတ်ရသည့် ကုသိုလ်ကောင်းမှုများကြောင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ် ကြီး စည်ပင်ထွန်းလင်း အရှည် ခန့်၍ တည်တံ့ပါစေ၊ ကမ္ဘာသူ/ ကမ္ဘာသားများ၊ မြန်မာနိုင်ငံတော် သူ နိုင်ငံတော်သားအားလုံး COVID-19 ရောဂါကပ်ဘေးမှ ကင်းဝေးနိုင်ကြပါစေ၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များ လည်း သက်ရှည်ကျန်းမာစွာဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင် တော်မူနိုင်ကြပါစေ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး သည်လည်း ကပ်ရောဂါအနှောင့် အယှက်များကင်းရှင်းပြီး ငြိမ်းချမ်း သာယာ နိုင်ကြပါစေကြောင်း လျှောက်ထားသည်။
ရေစက်သွန်းလောင်း
ထို့နောက် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာ ကျောင်းတိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်း မှု အစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြ သည်။
လှူဒါန်းခဲ့
တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆွမ်း ဆန်တော်များ ဆက်ကပ်လှူဒါန်း ရာတွင် ဘုန်းတော်ကြီး ကျောင်း ၁၉ ကျောင်း၊ သီလရှင်ကျောင်း ၅ ကျောင်းတို့တွင် သီတင်းသုံး တော်မူကြသောရ ဟန်း၊ သာမဏေ ၇၀၉ ပါး၊ သီလရှင် ၁၆၉ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၈၇၈ ပါးတို့အား ဆွမ်း ဆန် တော် ၁၄၄ အိတ် လှူဒါန်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်