(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားများအား မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်    ဇွန်   ၂
(၃၂) ကြိမ်မြောက်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ပြေးခုန်ပစ် ပြိုင်ပွဲတွင်   ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်  ပြေးခုန်ပစ် အားကစားသမားများအား  မြန်မာ နိုင်ငံ       ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကို ယနေ့နံနက်  ၉  နာရီခွဲတွင် နေပြည်တော်  အားကစားလေ့ကျင့် ရေးစခန်း   Gold   Camp   ရှိ Multipurpose Hall  ၌   ကျင်းပ သည်။
အခမ်းအနားသို့  အားကစား နှင့်  လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တိုင်းဒေသကြီး   အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်  ဥက္ကဋ္ဌ  ဦးရှိန်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ   ဦးကျော်ကျော်ဦး၊ အသင်းအုပ်ချုပ်သူ  နည်းပြများ၊ အားကစားသမားများ၊ ဖိတ်ကြား ထားသူများ၊  အလှူရှင်များနှင့် တာဝန်ရှိသူများ    တက်ရောက် ကြသည်။
ဦးစွာ  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံတော်အနေ ဖြင့်  အားကစားကဏ္ဍကို  ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေး နေသည့်အပြင် ထူးချွန်သည့် နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများ ကိုလည်း    ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေး လျက်ရှိကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက်   အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ယခု နှစ်ထက် ဆုတံဆိပ်များ ပိုမိုရရှိပြီး အောင်မြင်မှုများ  ရရှိအောင်   ပိုမို ကြိုးပမ်း  အားထုတ်သွားကြရန် လိုကြောင်း၊  စိတ်ဓာတ်နှင့်   ခံယူ ချက်သည်      အရေးကြီးသည့် အတွက်  မိမိနိုင်ငံ၊  မိမိလူမျိုးနှင့် မိမိအားကစားနည်းကို ချစ်မြတ်နိုး စိတ်ထားရှိပြီး မလျှော့သော ဇွဲ၊ စိတ်ဓာတ်၊    လုံ့လ၊     ဝီရိယတို့ ဖြင့် မြန်မာ့ပြေးခုန်ပစ်အားကစား ကဏ္ဍ    တိုးတက်အောင်၊   နိုင်ငံ့ ဂုဏ်ကို   ထပ်ဆင့်   မြှင့်တင်နိုင် အောင်          ဆတက်ထမ်းပိုး      ဆက်လက်ကြိုးပမ်း     လေ့ကျင့် သွားကြရန်        တိုက်တွန်း ပြောကြားသည်။ (ဝဲပုံ)
ဆက်လက်၍   မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်      ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံပြေးခုန် ပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော် ကျော်ဦးက   ဆုများရရှိအောင် လေ့ကျင့်    သင်ကြားပေးခဲ့သည့် တာဝေးနည်းပြနှစ်ဦးထံ ဂုဏ်ပြု ဆုငွေကျပ်   ၁၀  သိန်းစီကိုလည်း ကောင်း၊  မြန်မာနိုင်ငံ  ပြေးခုန်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ         ဦးရှိန်ဝင်း က   အမျိုးသားကီလိုမီတာ   ၂၀ လမ်းလျှောက်ပြိုင်ပွဲတွင် တတိယ ဆုရရှိခဲ့သည့် မောင်ပြည့်ဖြိုးထွန်း ထံ ဂုဏ်ပြုဆုငွေကျပ်သိန်း  ၃၀ ကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးက       အမျိုးသားမီတာ ၁၀၀၀၀အပြေးပြိုင်ပွဲတွင် တတိယ ဆုရရှိခဲ့သည့် မောင်သန်းထိုက်စိုး ထံ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၃၀ ကိုလည်းကောင်း ပေးအပ်ချီးမြှင့် ကြပြီး    ပြေးခုန်ပစ်အဖွဲ့ချုပ်သို့ လှူဒါန်းထားသော   အလှူရှင် များအား  ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပြီး ဆုရအားကစား သမားများကိုယ်စား  မောင်သန်း ထိုက်စိုးက    ကျေးဇူးတင်စကား ပြောကြားပြီး    အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်      နေပြည်တော် ဝဏ္ဏသိဒ္ဓိ  မြားပစ်လေ့ကျင့်ရေး ကွင်း၌  လေ့ကျင့်လျက်ရှိသည့် မြားပစ်မြန်မာ့လက်ရွေးစင် အား ကစားသမားများနှင့်     လူငယ် မျိုးဆက်သစ်   အားကစားသမား များ၏   လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး    မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများ ပြည့်ဝပြီး     အောင်မြင်မှုများ ပြန်လည်ရရှိအောင်   အားသွန် ခွန်စိုက် ကြိုးစားလေ့ကျင့်ကြရန် လိုကြောင်း မှာကြားပြီး အားကစား သမားများအတွက် လိုအပ်သည့် လေ့ကျင့်ရေးသုံးအထောက်အကူပစ္စည်းများနှင့် အခက်အခဲများကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်