ဖြူးမြို့နယ်၌ အခြေခံပညာကျောင်း ၂၁၃ ကျောင်းစတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူ ၄၃၅၅၆ ဦး ပညာသင်ကြားလျက်ရှိ

 

ဖြူး  ဇွန်  ၂
ပဲခူးတိုင်းဒေသကြီး  ဖြူးမြို့နယ် ၌   အခြေခံပညာကျောင်း ၂၁၃ ကျောင်းစတင်ဖွင့်လှစ်ပြီး ကျောင်း သား  ကျောင်းသူ ဦးရေ  ၄၃၅၅၆ ဦး  စတင်ပညာသင်ကြားလျက် ရှိသည်။
ယခုနှစ်      ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းပေါင်း  ၂၁၃  ‌ကျောင်း၌ ကျောင်းအလိုက်   ပညာသင်ကြား မှုမှာ မူလတန်း၊  အလယ်တန်း၊    အထက်တန်းအဆင့် အခြေခံပညာ ကျောင်းများတွင်   ကျောင်းသား ကျောင်းသူ ၄၂၇၃၀၊  ဘုန်းတော် ကြီးသင်ပညာရေး   ကျောင်းများ တွင်  ၄၀၈ ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းများတွင်   ၄၁၈   ဦး စုစုပေါင်း ၄၃၅၅၆ ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ   သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)