စေတနာ ဝေဖြာ ပဒေသာကပွဲကြီး

စေတနာ ဝေဖြာ ပဒေသာကပွဲကြီး 
 

v    အနုပညာသည်  ပြည်သူ့အတွက်
    ပြည်သူ့အတွက်  အနုပညာ ၊ 
    တိုင်းကျိုးပြည်ပြု  အစဉ်ရှေးရှု
    လူထုအတွက်  ခေတ်အဆက်ဆက်
    ထမ်းရွက်ခဲ့ပါ၊
    စာပေ  ရုပ်ရှင်  သဘင်  ဂီတ
    ကဏ္ဍများ  စုံလင်စွာ
    ခုံမင်စွာ ဖျော်ဖြေပေး ၊ 
    ပြည်သူ့နှလုံး  ရွှင်ပြုံးစေဖို့
    ခြယ်မှုန်းတယ်လေး ။
v    အနုပညာရှင်နဲ့  ပြည်သူကြား
    ကြည်ဖြူ  ချစ်ခင်မှုများ  ဝေစည်၊
    အပြန်အလှန်  အထောက်အကူပေးလို့
    ဖေးမ  ကူညီ ၊ 
    မိသားစု  ပီပီ
    တူညီကာ  ဝေမျှ ၊
    မရှိအတူ  ရှိအတူပေါ့
    အေးတူ  ပူမျှ ။
v    ဆိုင်ကလုန်း  မိုခါ  မုန်တိုင်း
    ကဆုန်စိုင်း  ဝင်မွှေ ၊ 
    ဒို့မြန်ပြေ   ရခိုင်ဒေသ
    ဘေးဒုက္ခဝေ ၊ 
    အနုပညာရှင်  တို့တတွေ
    မနေနိုင်ပေ  သားချင်းအရေး ၊ 
    မုန်တိုင်းဒဏ်  ဒေသများနဲ့
    မုန်တိုင်းခံ  ပြည်သူများကို
    သွားရောက်  အားပေး ။ 
v    အားပေးရုံတင်  မက
    စုံလင်စွ  စေတနာတွေ ၊ 
    တတ်နိုင်တာ ဖြည့်ဆည်းလို့
    အပူမီး  မျှဝေ ၊ 
    ထပ်ပြီးတော့  ကူချင်နေ
    မေတ္တာတွေ  အနန္တ ၊ 
    တတ်ကျွမ်းရာ  ကိုယ့်အစွမ်းနဲ့
    ဆောင်မြန်း  ကြံဆ ။
v    ပဒေသာကပွဲကြီး
    စုစည်းပြီး  ကပြမည်၊
    အနုပညာရှင်များ အားလုံး
    စည်းရုံး ညီညီ ၊ 
    ပွဲကြီးက  ရသမျှသည်
    ပွဲကြီးသို့  လှူသမျှသည်
    ကူကြမည်  မုန်တိုင်းဘေး ၊
    ပြည့်အင်အား  ပြည်သူများမို့
    ပြည်သူ့ကြား  အနုပညာရှင်များရဲ့
    သန့်စင်သော  မေတ္တာထုနဲ့
    ထက်သန်သော  စေတနာအစုစုကို
    ဂုဏ်ပြုတယ်လေး ။          ။
                               မျိုးမြတ်မြတ်မြင့်မောင်
(မိုခါ မုန်တိုင်းသင့် ပြည်သူများ ရန်ပုံငွေရှာဖွေမှု 
ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲသို့ ဂုဏ်ပြုလျက်)