
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်၊ ကြာသပတေးနေ့
၁။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ သရုပ်ဆောင်/ အဆိုတော် ဒေါ်လီလီနိုင်ကျော်သည် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်၊ ည ၇ နာရီခန့်တွင် မော်တော်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ပြန်လာစဉ် PDF အကြမ်းဖက်သမားတစ်ဦးက ၎င်း၏ နေအိမ်ရှေ့၌စောင့်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သိရှိရပါသည်။
၂။ စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများအား ရက်စက် စွာသတ်ဖြတ်နေသည့် အကြမ်းဖက်လုပ်ရပ်ကိုလုပ်ကိုင်နေသည့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့က လုံးဝ (လုံးဝ) လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့