
နေပြည်တော် ဇွန် ၁
Naypyitaw State Academy ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒုတိယ ပညာသင်ကာလ သင်တန်းများ အားလုံးကို ယနေ့တွင် စတင် ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာသင်ကြားလျက် ရှိသည်။ Naypyitaw State Academy ၏ အတန်းအသီးသီးသို့ ကျောင်းတက် ရန် လာရောက်ကြသည့် ကျောင်း သား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားစေ ရေးအတွက် တက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ က လိုအပ်သည်များကို ပံ့ပိုး ဆောင်ရွက်ပေးကြသည်။
Naypyitaw State Academy တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဒဿနိက ဗေဒ၊ နိုင်ငံတကာဆက်ဆံရေး ပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စီးပွား ရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာနှင့် ဥပဒေပညာ အထူးပြု ဘာသာရပ်များ၏ တတိယနှစ်နှင့် ပထမနှစ်ဂုဏ်ထူး တန်းများကို ဖွင့်လှစ်သင်ကြား လျက်ရှိသည်။ Naypyitaw State Academy တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း တာဝန် ထမ်းဆောင်နေသော အစိုးရ ဝန်ထမ်း မိသားစုများ၏ သားသမီး များ (သို့မဟုတ်) နေပြည်တော် ရှစ်မြို့နယ် (ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိ မြို့နယ်များ)မှ ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာသင်ကြား လျက်ရှိသည်။
သတင်းစဉ်