ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဇွန်    ၁


လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု  ဝန်ကြီးဦးမြင့်ကြိုင်သည်    မြန်မာ နိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ် ကြီး H.E. Mr. J.M.J.P Bandara အား    ယနေ့  မွန်းလွဲ  ၁ နာရီတွင် နေပြည်တော်ရှိ    အဆိုပါဝန်ကြီး ဌာန             ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံပွဲသို့   ဒုတိယဝန်ကြီး  ဦးဌေးလှိုင်၊     အမြဲတမ်းအတွင်း ဝန်   ဦးဝင်းဇော်အောင်၊    လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်နှင့်    တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


တွေ့ဆုံစဉ်        မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ     လုပ်ငန်း များ      ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ဝင်ဗီဇာ         အပြန်အလှန် ကင်းလွတ်ခွင့်ပြုမှု   အခြေအနေ၊ ၂၀၀၉ ခုနှစ်က ဆောင်ရွက်ခဲ့သည့် မြန်မာ - သီရိလင်္ကာ    နှစ်နိုင်ငံ အကြား         အပြန်အလှန်ဗီဇာ ကင်းလွတ်ခွင့်    သဘောတူစာချုပ် (MoU)    သက်တမ်း   ဆက်လက် တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လူကုန် ကူးခံရမှုကြောင့်     မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့်     သီရိလင်္ကာ နိုင်ငံသားများနှင့်        ပတ်သက်၍ လူဝင်မှု       ကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံး           လုပ်နည်းနှင့်အညီ  ဆောင်ရွက်ရမည့်   နည်းလမ်းများ၊ သီရိလင်္ကာနိုင်ငံသို့       ဘုရားဖူး သွားရောက်မည့်  မြန်မာနိုင်ငံသား များအတွက် နိုင်ငံကူးလက်မှတ် နှင့် ပြည်ဝင်ဗီဇာလွယ်ကူ အဆင် ပြေစွာထုတ်ပေးနိုင်ရေး     အခြေ အနေများနှင့်   စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                

သတင်းစဉ်