မြန်မာ - တရုတ် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   မေ    ၂၆ 
စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်     တရုတ် ပြည်သူ့သမ္မတနိုင်ငံ  ယူနန်ပြည်နယ်  လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍  မြန်မာ(နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မေ ၂၅ ရက်မှ ၂၈ ရက်အထိ  ကျင်းပလျက်ရှိရာ   ဒုတိယ မြောက်နေ့အစီအစဉ်အနေဖြင့်    မြန်မာ  - တရုတ်   စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ  ပူးပေါင်းဆောင်ရွက် မှု  ဆွေးနွေးပွဲနှင့်  လက်မှတ်ရေးထိုးပွဲအခမ်းအနား တို့ကို ယနေ့ နံနက်  ၉  နာရီခွဲတွင်  မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ရှိ  Plenary Hall ၌ ကျင်းပသည်။ 
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ   တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ    လင်ချန်းယဉ်ကျေးမှုအက အဖွဲ့များက တရုတ်ရိုးရာ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။  ထို့နောက်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန       မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့   ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊   တရုတ်ပြည်သူ့သမ္မတနိုင်ငံ     သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu၊ လင်ချန်းမြို့     စီးပွားရေးဌာန  ညွှန်ကြားရေးမှူး  Mr.Zhou Yongzhi တို့က  အဖွင့်အမှာစကား များ   ပြောကြားခဲ့ကြသည်။ ထို့နောက်   မြန်မာ -  တရုတ်နှစ်နိုင်ငံမှ ကုမ္ပဏီများက နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်       အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် နှစ်နိုင်ငံမှ  ကုမ္ပဏီ  ၁၇   ခုသည် လယ်ယာထွက်ကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အချိုရည်နှင့်   အဖျော်ယမကာ၊   ဆေးဝါးပစ္စည်း၊  အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့်   လျှပ်စစ်သုံးမော်တော် ယာဉ်များစသည့်     နယ်ပယ်များတွင်    ပူးပေါင်း ဆောင်ရွက်ရေးနှင့်  ကုန်သွယ်မှုဆိုင်ရာ   သဘောတူ စာချုပ်   စုစုပေါင်း  ကိုးခုကို   လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း သိရသည်။                               သတင်းစဉ်