လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်းအမှတ်စဉ် (၁၄) ကျင်းပ

 

နေပြည်တော်   မေ   ၂၆  


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး   ဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ်  ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရန်  ရည်ရွယ်သည့် Knowledge Sharing  Programme   (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၁၄) ဆွေးနွေး ပွဲကို       ယနေ့     မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်        နိုင်ငံခြား စီးပွားဆက်သွယ်ရေး    ဝန်ကြီး ဌာန   ရုံးအမှတ်(၁)၌   ကျင်းပ သည်။  
ဦးစွာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ကျင်းပ သည့် အသိပညာမျှဝေဆွေးနွေးပွဲ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ  ဒုတိယ ညွှန်ကြားရေးမှူး   ဒေါ်စောယုမွန် က “အာရှနိုင်ငံများ၏  နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကြောင့် စီးပွားရေးတိုးတက်မှု    အကျိုး သက်ရောက်မှုများအပေါ် နှိုင်းယှဉ် လေ့လာခြင်း”     ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားမည်    ဖြစ် ကြောင်း၊   ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်း     စီးပွားရေးတို့နှင့် ဆက်စပ်လျက်ရှိသည့် နိုင်ငံတကာ ကုန်သွယ်မှု  အခြေအနေများ၊  အာရှနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံ များအကြား    ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်လာပုံအဆင့်ဆင့် သမိုင်း ကြောင်းများနှင့် ကမ္ဘာ့ကုန်သွယ်မှု မူဝါဒများ၊ ပြည်ပမှ နိုင်ငံခြားငွေ များ မိမိနိုင်ငံတွင်းသို့ စီးဝင်လာနိုင် မည့် ကုန်သွယ်ရေးတွင် အသာစီး ရရှိနိုင်သည့်  အခြေအနေများကို သိရှိနားလည်နိုင်လာမည်    ဖြစ် ကြောင်း၊  ယနေ့    ဆွေးနွေးမည့် ခေါင်းစဉ်အရ   အာရှနိုင်ငံများ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံ မှု (FDI) ကြောင့်    စီးပွားရေး တိုးတက်မှု အကျိုးသက်ရောက်မှု အပေါ် နှိုင်းယှဉ်လေ့လာခြင်းဖြစ် သည့်အတွက်       မိမိတို့နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှု (FDI) နှင့် စပ်လျဉ်း၍   လက်ရှိ ဖြစ်စဉ်များကို      သိရှိထားရန် လိုအပ်ပါကြောင်း၊     နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု   (FDI) ကြောင့် ဘဏ္ဍာငွေနှင့် နည်းပညာ၊ ပို့ကုန်တိုးမြှင့်လာမှု၊    ငွေကြေး လဲလှယ်နှုန်းများ တည်ငြိမ်လာ ခြင်း စသည့်ရလဒ်များလည်း ရှိပါ ကြောင်း၊ ထို့ကြောင့်    နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၏    အကျိုး/ အပြစ်များကို သေချာစွာနားလည် သိရှိထားရန်   လိုအပ်ပါကြောင်း ပြောကြားသည်။


ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊   ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စောယုမွန် က “အာရှနိုင်ငံများ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကြောင့် စီးပွားရေးတိုးတက်မှု     အကျိုး သက်ရောက်မှုများအပေါ် နှိုင်းယှဉ် လေ့လာခြင်း”    ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း    ဆွေးနွေး ပြောကြားသည်။ 
ထို့နောက်   တက်ရောက် လာကြသူများက     ဆွေးနွေးမှု ခေါင်းစဉ်နှင့်  စပ်လျဉ်း၍    သိရှိ လိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခြင်းများ    ပြုလုပ်ခဲ့ကြ သည်။   ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးခဲ့ကြသည့်   အကြောင်း အရာများအပေါ် ဝန်ကြီးဌာနအနေ ဖြင့်    ရှေ့ဆက်လက်ဆောင်ရွက် သွားမည့်ကိစ္စရပ်များနှင့်   အခြား လိုအပ်သည်များကို    ဖြည့်စွက် ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ   ညွှန်ကြားမှု ဦးစီးဌာန၊    ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ    အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိများနှင့် အရာ ထမ်း / အမှုထမ်းများ တက်ရောက် ခဲ့ကြသည်။ 


သတင်းစဉ်