
မန္တလေး မေ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် ကျောင်း တက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးတို့နှင့် စပ်လျဉ်း၍ ယမန်နေ့က မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်တို့အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှု လက်မှုသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခ များ၊ ပါမောက္ခ(ဌာနမှူး) များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ နှင့် တွေ့ဆုံသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို သည် နံနက်ပိုင်းတွင် မဟာအောင်မြေခရိုင်နှင့် အောင်မြေသာစံခရိုင်တို့ အတွင်းရှိ မူလတန်းကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးဆောင်များနှင့် တွေ့ဆုံအမှာ စကားပြောကြားရာ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့သည့် မိန့်ခွန်းပါအချက်အလက်များကို ထပ်ဆင့်အသိပေး ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်ရေးနှင့် ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်မှု လျော့နည်းမသွားရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံ တစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၌ လိုအပ်နေသည့် ပညာ တတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် အခြေခံကျောင်း များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်မှ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးတိုးတက်ကောင်းမွန်စေရေး မူဝါဒ များ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များနှင့်အညီ ကျောင်းအပ်နှံသူနှင့် ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်ရေး၊ ကျောင်းနေမြဲစေရေးနှင့် အတန်း ကူးပြောင်းမှုမြင့်မားရေး၊ ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူ တိုင်း အလယ်တန်းပညာပြီးမြောက်သည်အထိ အခမဲ့ပညာရေးအနေ ဖြင့် မသင်မနေရအဖြစ် တွန်းအားပေးဆောင်ရွက်နေပါကြောင်း၊ တန်ဖိုး မြင့် လူ့စွမ်းအားအရင်းအမြစ်များအား အသိပညာရှင်၊ အတတ်ပညာရှင် များဖြစ်အောင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူထားပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ပြုစုပျိုးထောင်ပေးသွားကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်မှ အမျိုးသားပညာရည်မြှင့်တင်ရေးကဏ္ဍများတွင် အလေး အနက်ထားဆောင် ရွက်နေမှု၊ ပညာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့် ခွဲဝေချထားပေးနေမှု၊ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို ပြောကြားပြီး တက်ရောက် လာသူများက ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှု နှုန်း မြင့်မားရေးတို့နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု နှင့် ကြုံတွေ့နေရသည့်အခြေအနေများကို တင်ပြဆွေးနွေးရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေကျပ် ၂၃၂၅၀၀၀ ကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်သည် မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်တို့အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှုသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို မိသားစုက ကျောက်ဆည်တက္ကသိုလ်ရှိ အနုပညာအသင်း အတွက် YAHAMA အမျိုးအစား ကီးဘုတ်တစ်လုံး လှူဒါန်းပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၏ တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ သုံးစွဲပေးမှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြမှုများကိုလည်းကောင်း၊ တက်ရောက်လာသူများ၏ အဆင့်မြင့်ပညာကဏ္ဍတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာတွေ့လက်တွေ့သင်ကြားနေမှု၊ ကျွမ်းကျင် တတ်မြောက်မှုအပိုင်းနှင့် ပတ်သက်၍ အကဲဖြတ်စစ်ဆေးမှု၊ သုတေသန လုပ်ငန်းဆောင်ရွက်နေမှု၊ အတန်းတက်ရောက်မှုကို တင်ပြဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်