
ဟဲဟိုး မေ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက် ၉ နာရီက ကလောမြို့နယ် ဟဲဟိုးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း ပညာရတနာခန်းမတွင် ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိုင်ငံတော်ကပညာရေးကို အလေးထား ဆောင်ရွက်လျက်ရှိရာ ဟဲဟိုးမြို့ အမှတ် (၄) အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံရေး ကို ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်ပေးစေလို ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-9 အတန်းကို မသင်မနေရ ပညာရေးစနစ်ကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်က ကျောင်းအပ်နှံရာတွင်လည်း ဘောပင်၊ ခဲတံ၊ ဗလာ စာအုပ်၊ ပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံများကို လည်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းပြန်လည် နေနိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းအကျိုးတော် ဆောင်၊ ကျောင်းသား ကျောင်းသူများ ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ သင်ကြားရေးပိုင်းတွင် Grade-9 ၊ Grade-12 ကို သင်တန်းများ ပို့ချပေးပြီးဖြစ် ၍ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချပြီး ဖြစ်ပါ ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ရိုးသစ် သင်ကြားပြီး ကျောင်းသား ကျောင်းသူများ၏ တွေးခေါ် နိုင်စွမ်းကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ သင်ကြားရေးမြှင့်လာလျှင် ဆရာ ဆရာမများ စိတ်ဓာတ်များလည်း မြင့်လာမည်ဖြစ်ကြောင်း၊ စာဖတ်နိုင်မှ တွေးခေါ်နိုင်မှု မြင့်လာမည်ဖြစ် ကြောင်း၊ ဆရာ ဆရာမများသည် မှန်ကန်သော သစ္စာတရားဖြင့် ကျောင်းသား ကျောင်းသူများ အဟန့်အတားများကို ကျောသား၊ ရင်သားမခွဲခြားဘဲ ဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်မှ ကလေးများ စာတတ်စေချင်ကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်း စေရန် ပြုပြင်ထိန်းသိမ်းရမည့် ကိစ္စရပ်များရှိပါက တင်ပြကြရန်နှင့် သက်ဆိုင်ရာမိဘများကလည်း ကျောင်းပြုပြင်ရန် ကျန်ရှိနေပါက တင်ပြပေးကြရန်၊ ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများ ကို စေတနာကောင်းဖြင့် မွေးထုတ်ပေးသည့် နေရာ ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို မေတ္တာ စေတနာဖြင့် ကျောင်းအပ်နှံနိုင်ရန် အားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးစားပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းဖွင့်ချိန်တွင် သွားရောက်ကွင်းဆင်းကြည့်ရှု၍ ကူညီဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပညာရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဟဲဟိုးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းပြင်ထိန်းကိစ္စရပ်များ ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြန်လည်ဖြည့်စွက်ပြောကြားပြီ ကျောင်းဖွံ့ဖြိုးရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ထောက်ပံ့ငွေ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်း အကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးမျိုးမင်းဦးတို့က လက်ခံရယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိဂုံးချုပ် စကားပြောကြားပြီး ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား ကျောင်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။ (အပေါ်ပုံ)
ယင်းနောက် ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ကံ့ကော်ခန်းမ၌ ဆရာ ဆရာမများ၊ ရပ်ဖိရပ်ဖများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဆရာ ဆရာမများ အနေဖြင့် ကျောင်းအပ်နှံရာတွင် ရာခိုင်နှုန်း ၁၀၀ ရရှိ အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ စာတတ်မှ နိုင်ငံမြင့်မည်ဖြစ်ပြီး စာဖတ်စွမ်းအားရှိရန်လိုကြောင်း၊ Grade-9 အတန်းကို မဖြစ်မနေ သင်ယူရမည်ဖြစ်ကာ ပညာရေးစနစ်ကို အခမဲ့ ဆောင်ရွက်ပေးထားပါ ကြောင်း၊ ကလေးများ ကျောင်းပျော်အောင်ထားရှိပေး ရန်၊ ပညာတတ်အောင် မွေးထုတ်ပေးရန် ဆရာ ဆရာမများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ ပြန်လည်ကျောင်းတက်ပါက အနာဂတ်ဘဝလှပမည် ဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုများ စာတတ်နိုင်ရန် အတွက် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိရာ ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများက ကျောင်းနေ အရွယ်ကလေးများ ကျောင်းနေနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ပေး ကြရန် ပြောကြားသည်။
ထို့နောက် အောင်ပန်းမြို့ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအကျိုးတော် ဆောင်များ၊ ရပ်မိရပ်ဖများက ကျောင်းအတွက် လိုအပ်ချက်များ ဆွေးနွေးတင်ပြကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဆွေးနွေးတင်ပြ ချက်အပေါ် ပြန်လည်ဖြည့်စွက်ပြောကြား ဆောင်ရွက် ပေးခဲ့ပြီး အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းဌေးနှင့် ကျောင်းအကျိုးတော် ဆောင် ဥက္ကဋ္ဌတို့က လက်ခံရယူကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်စကားပြောကြားပြီး ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
မောင်းနှင်အားသည် ပညာရေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် အေးသာယာမြို့စက်မှုဇုန် အခြေခံပညာအထက်တန်း ကျောင်း၌ ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတစ်ခု၏ ဖောင်ဒေးရှင်းသည် ပညာရေးဖြစ်ကြောင်း၊ စာတတ်မှ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ ဒေသခံဆရာ ဆရာမ များကလည်း ကျောင်းသား ကျောင်းသူများကို ကြိုးစား သင်ပေးကြရန်၊ ကျောင်းသား ကျောင်းသူများ ၏ ဘဝမြှင့်တင်ရာတွင် ဆရာ ဆရာမများက အဓိက ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ မောင်းနှင်အားသည် ပညာရေးဖြစ်ပါကြောင်း၊ တိုင်းရင်းသားအများစုကို စာတတ်စေချင်ပါကြောင်း၊ ကလေးများ ကျောင်းပျော် အောင် မိဘ၊ ဆရာများက ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အေးသာယာစက်မှုဇုန် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအကျိုးတော်ဆောင် များနှင့် ဆရာ ဆရာမများက ကျောင်းလိုအပ်ချက်များ ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဆွေးနွေးတင်ပြမှုအပေါ် ပြန်လည် ဖြည့်စွက် ပြောကြားပြီး ကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းနှင့် ရှမ်း ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့က ပေးအပ် ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော် ဆောင်ဥက္ကဋ္ဌတို့က လက်ခံရယူကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)