တရားမဝင်ကုန်သွယ်နေသူများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် သင့်တင့်သည့် အရေးယူခြင်းမျိုး မဟုတ်ဘဲ ဥပဒေနှင့်အညီ ထပ်မံမကျူးလွန်ရဲအောင်၊ တရားမဝင်ကုန်သွယ်မှုများ ကြီးထွားမလာအောင် ဆင့်ကဲဆင့်ကဲ ပြင်းပြင်းထန်ထန် အရေးယူသွားရမည်

 

နေပြည်တော်   မေ   ၂၆ 


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၃) ကို   ယနေ့မွန်းလွဲ  ၂  နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်       ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌   ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်   ဒုတိယ  ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။ 

 


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန် အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊     အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်      တာဝန်ရှိသူများ တက်ရောက်ကြပြီး    တိုင်းဒေသကြီးနှင့်   ပြည်နယ် တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။ 

 


အစည်းအဝေးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်  ယနေ့ကျင်းပသည့်  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင်  ကော်မတီ    အစည်းအဝေးကို   ကျင်းပခဲ့သည်မှာ  ယခုဆိုလျှင် (၉) ကြိမ်မြောက်ဖြစ်ပြီး ဆုံးဖြတ်ချက် ၂၈၀ ချမှတ် နိုင်ခဲ့ကြောင်း၊   ပြုပြင်ပြောင်းလဲမှုများနှင့် လုပ်ဆောင် ချက်များကို   ကြည့်မည်ဆိုပါက   ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း    တည်ဆောက်ရေး စီမံကိန်း        စတင်နိုင်ခဲ့ကြောင်း၊  ကုန်သွယ်မှု လမ်းကြောင်းများတွင်   ကုန်တင်ယာဉ်များကို QR Code စနစ်ဖြင့်    စစ်ဆေးမှုများ     ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  E-Lock စနစ်ဖြင့် ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလုပ်ငန်း  အစီအမံ များကို ပြုစုရေးဆွဲနိုင်ခဲ့ပြီး စမ်းသပ်ဆောင်ရွက်နိုင်ရေး ဆက်လက်စီမံလျက်ရှိပါကြောင်း၊ ညောင်ခါးရှည် စီမံကိန်းနှင့်ပတ်သက်၍   အချိန်မီပြီးစီးရန်   လိုအပ် ကြောင်း၊ QR Code ၊ E-Lock စနစ်များဖြင့် ကုန်ပစ္စည်း များ တင်ပို့သည့်   စမ်းသပ်မှုအောင်မြင်မည်ဆိုပါက  တွင်ကျယ်စွာ     အသုံးပြုနိုင်ရေး       ဆွေးနွေးကြစေ လိုကြောင်း။ 

 


နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းလိုအပ်ချက် ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများ   ပြည်ပမှ တင်သွင်းနေရမှုအတွက်   ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ပြီး  ပြည်ပသို့ ပြန်လည်တင်ပို့ နိုင်သည်အထိ  ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားထားပြီးဖြစ်ကြောင်း၊   အခြေခံလူသုံးကုန် ပစ္စည်းများ   ပြည်တွင်းလိုအပ်ချက်   ပြည့်မီအောင် ထုတ်လုပ်ရန်   လိုအပ်သည့်   ကုန်ကြမ်းပစ္စည်းများ  ဈေးကွက်အတွင်း    အချိန်မီရောက်ရှိမှသာလျှင်  ကုန်ထုတ်လုပ်မှု  အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊   ကုန်ကြမ်းများ အချိန်မီမရောက်ရှိပါက  ကုန်ချောထုတ်လုပ်မှုထိခိုက်နိုင်မည်ဖြစ်ပြီး ဈေးနှုန်း များ ကြီးမြင့်လာမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများမှ ဈေးပေါသည့်        အခြေခံလူသုံးကုန်ပစ္စည်းများ  ဈေးကွက်အတွင်း         တရားမဝင်နည်းလမ်းများနှင့် ဝင်ရောက်လာနိုင်သည့်အတွက်      ပြည်တွင်း SMEs  လုပ်ငန်းများ၏ ရှင်သန်ရပ်တည်မှုများလည်း ထိခိုက် လာနိုင်ကြောင်း၊  ထို့ကြောင့်  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကို    စနစ်တကျ    ပြင်းပြင်းထန်ထန်  ထိထိရောက်ရောက်  ဆက်လက် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။

 


 ပြင်းပြင်းထန်ထန် အရေးယူသွားကြရမည်


တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူမှု နှင့်ပတ်သက်၍  ယခင်က  ကန့်သတ်ကုန်ပစ္စည်းများ ဆိုပါက   ပစ္စည်းသိမ်းဆည်းခြင်း၊    အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်ပါက   ရွေးယူဒဏ်ငွေတပ်ရိုက်ပြီး ရွေးယူခွင့်ပြုခြင်းများကို   ဆောင်ရွက်ခဲ့ကြောင်း၊  တရားမဝင် ကုန်ပစ္စည်းများ    တင်ဆောင်သည့်ယာဉ် များကိုလည်း  အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊  အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ပစ္စည်းသိမ်း၊  ယာဉ်သိမ်း ခြင်းများကို အများဆုံး ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ထပ်ကာထပ်ကာ  ကျူးလွန်နေသူများကို  ယခုထက် ထိထိရောက်ရောက်    ဟန့်တားအရေးယူသွားရန် လိုအပ်ကြောင်း၊ ရည်ရွယ်ချက်ရှိရှိ၊  လက်တစ်လုံးခြား  တရားမဝင်   ဆောင်ရွက်နေသည့်   ကုန်ပစ္စည်းများ ပိုင်ရှင်နှင့်  ယာဉ်ပိုင်ရှင်များ   ထပ်မံဖမ်းဆီးရမိပါက ကုမ္ပဏီပိတ်သိမ်းခြင်းနှင့် ယာဉ်သိမ်းဆည်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်ကို  ခေါ်ယူသတိပေး ခြင်း၊ ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်းများဖြင့် ဆက်လက်       ထိန်းသိမ်းကြပ်မတ်သွားကြရမည် ဖြစ်ကြောင်း၊ တားဆီးအရေးယူမှုများကြောင့်  ရပ်တန့် မသွားသော         ဆက်လက်ကျူးလွန်မှုများကို  အကောက်ခွန်ဥပဒေအရသာမက     ဆက်စပ်သည့် ဥပဒေများဖြင့် ပြင်းပြင်းထန်ထန် အရေးယူသွားကြရ မည်ဖြစ်ကြောင်း။ 
 ရွေးယူဒဏ်ငွေတန်ဖိုး        သတ်မှတ်ခြင်းသည် ကျူးလွန်သူများအတွက်   ဒဏ်ကြေးသတ်မှတ်ရာ မရောက်ဘဲ    ပြင်ပပေါက်ဈေးထက်   လျော့နည်း သက်သာနေမည်ဆိုပါက ကျေကျေနပ်နပ် လာရောက် ရွေးယူနေကြမည်ဖြစ်ကြောင်း၊    နောင်ကြဉ်မှုမရှိဘဲ ထပ်ကာထပ်ကာ ကျူးလွန်ရန်   အားပေးရာရောက် ကြောင်း၊  ထို့ကြောင့် တရားမဝင်ကုန်သွယ်နေသူများ အတွက်   ဖြစ်သင့်ဖြစ်ထိုက်သည့်   သင့်တင့်သည့် အရေးယူခြင်းမျိုး မဟုတ်ဘဲ  ဥပဒေနှင့်အညီ  ထပ်မံ မကျူးလွန်ရဲအောင်၊   တရားမဝင်ကုန်သွယ်မှုများ ကြီးထွားမလာအောင်    ဆင့်ကဲဆင့်ကဲ    ပြင်းပြင်း ထန်ထန် အရေးယူသွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးယူဒဏ်ငွေတန်ဖိုးသတ်မှတ်ရာတွင် စနစ်တကျ သတ်မှတ်ဆောင်ရွက်ရေးသည်    အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ကြောင်း။

 


One Stop Service များ၊ လမ်းခရီးတွင် လုံခြုံရေး အရ တာဝန်ထမ်းဆောင်နေရသည့် စုပေါင်းအဖွဲ့များ အနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ရိုင်းစိုင်း သည့် ပြောဆိုဆက်ဆံမှုအချို့ရှိနေသည်ကို ကြားသိရ ကြောင်း၊ ပြည်နယ်နှင့်  တိုင်းများတွင်ရှိသည့်  တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေ ဖြင့်  စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် စစ်ဆေးသည့်အခါ   အတတ်နိုင်ဆုံး ပြေပြေလည်လည်  ဆက်ဆံသွားရမည်ဖြစ်ပြီး        စည်းကမ်းဖောက်ဖျက် ပါက       အရေးယူဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 


ကြီးမားသည့်  အဟန့်အတား


နယ်စပ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းဖြစ် သည့် မြဝတီ- ရန်ကုန်   ကုန်သွယ်ရေးလမ်းကြောင်း၊ မူဆယ်- လားရှိုး- မန္တလေး လမ်းကြောင်းတစ်လျှောက် ရှိနေသည့် စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးစခန်း များတွင်  တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်သည့်  စစ်ဆေးမှုအားနည်းချက်များ ရှိနေသည်ကို ကြားသိ နေရကြောင်း၊   အဆိုပါ    အားနည်းချက်များသည် တရားမဝင်ကုန်သွယ်မှု      တိုက်ဖျက်ရေးအတွက် ကြီးမားသည့်        အဟန့်အတားတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်     တရားမဝင်  ဝင်ရောက်လာသည့် တရားမဝင်ကုန်ပစ္စည်းများကို      ပြင်းပြင်းထန်ထန် တားဆီးစစ်ဆေးအရေးယူရမည်          ဖြစ်ကြောင်း၊  ပြည်နယ်နှင့် တိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး         အထူးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် ပြည်နယ်နှင့်  တိုင်းဒေသကြီးအတွင်းရှိ  တရားမဝင် ကုန်သွယ်မှု    တိုက်ဖျက်ရေးအဖွဲ့များ၊  One Stop Service   အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များ မူလတာဝန် ထိခိုက်စေမည့်  တရားမဝင်ကိစ္စများ ဆောင်ရွက်နေ သည်ဟု သတင်းရရှိပါက  ထိရောက်သည့် ပြစ်ဒဏ် ဖြင့် အရေးယူသွားကြရမည်ဖြစ်ကြောင်း။  

 


ကျန်းမာရေးနှင့်ပတ်သက်၍        သက်ဆိုင်ရာ ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များသည် လူအများ ဖြင့်   ထိတွေ့ဆက်ဆံရသည့်အတွက်   ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ရေးဆိုင်ရာ SoP များအတိုင်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရမည်   ဖြစ်ကြောင်း၊ ထို့အတူ   စစ်ဆေးရေးစခန်းများနှင့်   စစ်ဆေးရေး အဖွဲ့များကို         လာရောက်နှောင့်ယှက်နိုင်မည့် အကြမ်းဖက်သမားများ၏    သတင်းများကိုလည်း ကြိုတင်လက်ဦးမှုရရှိရေး     လိုအပ်သည်များ    စီမံ ဆောင်ရွက်ထားကြရန်လိုမည်        ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး    ဦးညွန့်အောင်က    ဦးဆောင် ကော်မတီအစည်းအဝေး  (၂/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏       လုပ်ငန်းဆောင်ရွက်မှုများ ကို ရှင်းလင်းတင်ပြသည်။

 


အမှာစာများကို ဖတ်ကြားတင်ပြ


ယင်းနောက် ဦးဆောင်ကော်မတီရုံး လုပ်ငန်းအဖွဲ့  ခေါင်းဆောင်          ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊   ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်   ဦးသိန်းဆွေ၊   ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်  ဒေါက်တာ  သိင်္ဂီဇင်တို့က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး        ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) သို့ တင်ပြ လာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။
ထို့နောက်  ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး    ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့်    ဦးဝင်းရှိန်၊     ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးတို့က မြန်မာ- ထိုင်း   နှစ်နိုင်ငံ  ပို့ကုန်သွင်းကုန်နှိုင်းယှဉ်ချက်၊ တရား မဝင်လမ်းကြောင်းများမှ တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းမှုမရှိစေရေး၊ မူးယစ်ဆေးဝါး၊ ထိန်းချုပ် ဓာတုပစ္စည်းများ၊ တရားမဝင်ဆေးဝါးနှင့်   အလှကုန် ပစ္စည်း  ဖမ်းဆီးရမိမှုများ၊   တရားမဝင်ကုန်သွယ်မှု ဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊  ပို့ကုန်ပစ္စည်းတရား မဝင်   တင်ပို့မှုအခြေအနေများ၊   မြန်မာ - တရုတ် နှစ်နိုင်ငံအကြား တရားမဝင်ဂိတ် ဖွင့်လှစ်နေမှုများ နှင့် QR Code ဖြင့် စစ်ဆေးဆောင်ရွက်နိုင်မှုများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး   ဦးဆောင်ကော်မတီ အစည်းအဝေး (၃/၂၀၂၃) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး   တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်း  လိုက်ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်