
ဘူးသီးတောင် မေ ၂၅
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း မိုခါ မုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများ မေ ၂၄ ရက်က ဘူးသီး တောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှေ့နှင့် သမဝါယမရုံးရှေ့တို့၌ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်းခွဲ(မြို့သစ်)၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးနေ သည့် ကျောင်းအဆောက်အအုံ ပျက်စီးနေမှုကို လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာ အုပ်စု၊ သပိတ်တောင်ကျေးရွာအုပ်စုနှင့် မြောင်းနား ကျေးရွာအုပ်စုတို့၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်၊ ပြိုကျ၊ ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စု ၃၆၅ စုတို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများဖြစ် သည့် ဆန် ၄၃ အိတ်၊ လေးပြည်၊ ဆီ ၅၂ ဒသမ ၆၁ ပိဿာ၊ ဆား ၁၀ ဒသမ ၃၆ ပိဿာ၊ ငါးပိ ၅ ဒသမ ၁၄ ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ် ၁၂၀ တို့ကို လေဘေးသင့်ပြည်သူများအား ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ အမှတ်( ၂၂)တပ်မမှူး ဗိုလ်မှူးချုပ်တိုးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ လေဘေး သင့်ပြည်သူများက လက်ခံယူပြီး အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဘူးသီးတောင်တပ်နယ် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ လေဘေးသင့်ပြည်သူများအား ဆေးကုသပေးနေမှုများကို လှည့်လည်ကြည့်ရှု ကာ (ဝဲပုံ) အားပေးစကားများ ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)