
နေပြည်တော် မေ ၂၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နှင့် ယနေ့ တွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့အနီးရှိ ဧရာဝတီ မြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်းအခြေ အနေနှင့် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက် နေမှုကိုလည်းကောင်း၊ ချောက်မြို့အနီး ဧရာဝတီမြစ် ၏ ရေအရင်းအမြစ်၊ မြစ်ရေစီးဆင်းမှုနှင့် အောက်ခံ ကျောက်သား တွေ့ရှိမှုတို့ကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန် နေ့က မင်းလှမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်း အမြစ်နေရာနှင့် ယနေ့တွင် ချောက်မြို့အနီး ဧရာဝတီ မြစ်၏ ရေအရင်းအမြစ်နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဌေးအောင် တို့က ဧရာဝတီမြစ်ဝှမ်း ဆိုင်ရာ အချက်အလက်များ၊ မင်းလှမြို့နှင့် ချောက်မြို့ အနီးရှိ ဧရာဝတီမြစ်၏ ရေလမ်းကြောင်း အခြေ အနေ၊ ရေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားချက်နှင့် ရေအတိမ်အနက်အခြေအနေ၊ ရေစီးနှုန်းနှင့် မြစ်ရေ ထုထည်စီးနှုန်း အခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇက်ရေယာဉ်များဖြင့် မင်းလှမြို့နှင့် ချောက်မြို့အနီးရှိ ဧရာဝတီမြစ်အတွင်း မြစ်ရေစီးဆင်းနေမှု၊ မြစ်ကြောင်း အတွင်း အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှု၊ ရေကြောင်းသွားလာမှု၊ မြစ်ကမ်းပါး ဝဲ/ယာရှိ ဘူမိ ဗေဒအခြေအနေနှင့် သဲနုန်းပို့ချမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင် သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ရောက်ရှိရာ ကုမ္ပဏီ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက် များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ပြည် ထောင်စုဝန်ကြီးက သတ်မှတ်ရက်များတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် လက်ရှိရောက်ရှိ နေသည့် ဓာတ်အားပေးစက် ကိုးလုံးအပြင် ထပ်မံ ရောက်ရှိရန် ကျန်ရှိသည့် ဓာတ်အားပေးစက် လေးလုံး နှင့် ထရန်စဖော်မာများကို သတ်မှတ်ကာလအတွင်း ရောက်ရှိနိုင်ရေးနှင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ဓာတ်အားအပြည့်အဝ ထုတ်လုပ်နိုင်ရေး စီမံဆောင် ရွက်သွားရန်လိုကြောင်း၊ တစ်ချိန်တည်း တစ်ပြိုင် တည်း လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန် ဖြင့် ဟန်ချက်ညီဆောင်ရွက်ရန်၊ အခက်အခဲများ ရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြဆောင်ရွက် သွားရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွား မည်ဖြစ်ကြောင်း မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင် အတွင်း Solar Panel များ တပ်ဆင်ရန် မြေပြုပြင် ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ Engine Foundation လုပ်ငန်းများဆောင် ရွက်ပြီးစီးမှု၊ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးအင်ဂျင်စက်ကြီးများ ရောက်ရှိနေမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားသည်။
အဆိုပါ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင် ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသ ကြီး မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ ၅၉၈ ဧကပေါ်တွင် တည်ဆောက်လျက် ရှိပြီး စက်တပ်ဆင်အင်အားမှာ Solar ၁၂၂ မဂ္ဂါဝပ်နှင့် Gas Engine ၁၂၆ မဂ္ဂါဝပ် နှစ်မျိုး တပ်ဆင်ထား ရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အား ခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၃၁ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်