
နေပြည်တော် မေ ၂၃
တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ မေ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ပြပွဲတွင် တရုတ်နိုင်ငံမှ ကော်ဖီနှင့် လက်ဖက်ခြောက်၊ မက္ကဒေး မီးယား၊ အသင့်စား စားသောက် ကုန်များ၊ ဆိုလာစွမ်းအင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မီးဖိုချောင်သုံးနှင့် အခြားလူ့အသုံးအဆောင် ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံမှ မြန်မာ့ကျောက်မျက်ရတနာ ပစ္စည်းများ၊ ဒေသထွက်ကုန်များနှင့် MSME ထုတ်ကုန်များ ပါဝင် ပြသမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်