
လပွတ္တာ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လပွတ္တာမြို့နယ် ( ၃) မိုင်မြို့ (၁) ရပ်ကွက် ထင်းရှူးမြိုင်လမ်းနှင့် ပိတောက်လမ်း ထောင့်ရှိ အဆိုပါရုံး၌ ကျင်းပသည်။
အဆောက်အအုံသစ်ကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်နှင့် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်တို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က စက် ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အခမ်း အနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်း အဝေးခန်းမ၌ ကျင်းပရာ Royal Ayar Creative & Construction Co., Ltd မှ ဒါရိုက်တာ ဦးညီညီထွန်းက အဆောက်အအုံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဆောက်အအုံနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်း များကို တာဝန်ရှိသူထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော ဧည့်သည်တော်များအား အဆောက်အအုံသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ပစ္စည်းနှင့် အလံငယ်များပေးအပ်ကာ အဆောက်အအုံ သစ်အတွင်း လှည်လည်ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်သည့် လပွတ္တာမြို့နယ်တရားရုံး ပင်မအဆောက်အအုံသစ်မှာ အလျားပေ ၁၈၀ အနံ ပေ ၇၀ အကျယ်အဝန်းရှိပြီး RC နှစ်ထပ်အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီး (ပြန်/ဆက်)