
လွိုင်ကော် မေ ၂၀
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသ များ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး ပထမအကြိမ် အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင် များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် သဘာဝဘေး ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်မတည်၍ ပြည်ထောင်စုအတွင်းရှိ မုန်တိုင်းသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အထောက်အကူပြု အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ စေတနာရှင် အလှူရှင် ပြည်သူ များပါဝင်သည့် ပထမအကြိမ် စုပေါင်းလှူဒါန်း ပေးအပ်သည့် အလှူငွေများကို သဘာဝဘေး ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုဌာနသို့ ဆက်လက်ပေးအပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စေတနာရှင်အလှူရှင်ပြည်သူများ က မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ကြသည်။
ယနေ့ ပထမအကြိမ်အလှူငွေ ပေးအပ် လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုမှ စုပေါင်းလှူဒါန်း ငွေကျပ် ၈၆၂၃၃၁၀၀ ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)