တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Qin Gang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

 

နေပြည်တော်   မေ   ၂


နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး   ဦးသန်းဆွေ၏ ဖိတ်ကြားချက်အရ     တရုတ် ပြည်သူ့သမ္မတနိုင်ငံ  နိုင်ငံတော် ကောင်စီဝင်နှင့်       နိုင်ငံခြားရေး ဝန်ကြီး   H.E.Mr.Qin Gang ဦးဆောင်သည့်   ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့်     နေပြည် တော်သို့ ရောက်ရှိကြသည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်  နိုင်ငံ ခြားရေးဝန်ကြီး  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြား ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊    မြန်မာနိုင်ငံ ဆိုင်ရာ   တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တာဝန်ရှိသူ များက  နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌       ကြိုဆို နှုတ်ဆက်ကြသည်။  

သတင်းစဉ်