ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးကြေညာချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်
၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း  ၁၁  ရက်
(၂၀၂၃  ခုနှစ်၊  ဧပြီလ  ၂၉ ရက်)


ကိုဗစ်-၁၉  ရောဂါပိုး     ကူးစက်ပျံ့နှံ့မှုကို   ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၃ ခုနှစ်၊  ဧပြီလ   ၃၀   ရက်နေ့အထိ   ထုတ်ပြန်ထားသော   ပြည်သူသို့  ပန်ကြားချက်၊  အမိန့်၊ အမိန့်  ကြော်ငြာစာ၊  ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့်ကိစ္စရပ်များမပါ)   အား ၂၀၂၃ ခုနှစ်၊   မေလ ၃၁ ရက်နေ့အထိ  ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း  အသိပေးကြေညာအပ်ပါသည်။