
နေပြည်တော် ဧပြီ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည် ဆောက်ပူဇော်လျက်ရှိသည့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား မကွေးမြို့ သံဃာရာမ ကျောင်းတိုက်မှ နိုင်ငံတော်သြဝါဒါ စရိယ ဆရာတော်ဘဒ္ဒန္တ စိန္တသာရ ဦးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်စုစုပေါင်း သံဃာတော် ၁၀၀ တို့က ယနေ့ နံနက်ပိုင်းတွင် လာရောက် လေ့လာ ဖူးမြော်ကြည်ညိုကြ သည်။
ရှင်းလင်းလျှောက်ထား
ဦးစွာ ရှင်းလင်းဆောင်၌ ဆရာတော်၊ သံဃာတော်ကြီးများ အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာ လင်းက မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင် ကျောက်တုံးတော်ကြီးများအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်း ကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော် အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက် သို့ ပင့်ဆောင်နိုင်ရန် သံမဏိ မျှော်စင် ဝန်ချီစက် တည်ဆောက် ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင် နေရာချထားခြင်း လုပ်ငန်းအဆင့် ဆင့် ဆောင်ရွက်နေမှုအခြေအနေ များ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြည် သာယာလှပစေ ရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိ က အဆောက်အဦများ ဆောက် လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက် လာမှုအခြေအနေများကိုရှင်းလင်း လျှောက်ထားသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ပလ္လင်တော် တည် ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ် တော်ကြီးအတွင်းရှိ သာသနိက အဆောက်အဦများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက် တည် ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် ကြွရောက်လာ ကြသည့် ဆရာတော်၊ သံဃာတော် ကြီးများအား နေ့ဆွမ်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်ကြီး များထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်